Connect with us

CHINA

COVID-19 တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သော  လေးစားဖွယ် ဆရာဝန် ဒေါက်တာ ထုန်းကျောင်းဟွေး

လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လူနာများအား ဆေးကုသပေးနေသော ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ထုန်းကျောင်းဟွေးသည် ပေကျင်း Cgaoyang ဆေးရုံ၏ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားကျန်းမာရေးကော်မရှင် ဆေးကုသရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းသည် ဝူဟန့်မြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေသခံဆရာဝန်များကို ကူညီရန် ပထမအသုတ်အဖြစ် ရောက်ရှိလာသည့် အသက်ရှူလမ်းကြောင်းနှင့် အပြင်းအထန်ဖျားနာခြင်းများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနက် တစ်ဦးဖြစ်သည်။ 

ဒေါက်တာ ထုန်းကျောင်းဟွေးအား ဟူပေပြည်နယ်တွင် မွေးဖွားခဲ့ပြီး ငယ်ရွယ်စဉ်က ဝူဟန့်မြို့၌ပင် ပညာသင်ကြားခဲ့သည်။ ၎င်းသည် ကပ်ရောဂါဖြစ်ပွားမှုအတွင်း ဝူဟန့်မြို့၌ ရှိနေစဉ်အတွင်း မြို့မှ နှစ်နာရီခန့်ကားမောင်းသွားရသည့်နေရာရှိ လူနာများထံ သွားရောက်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ 

လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လူနာများအား ဆေးကုသပေးနေသော ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒေါက်တာ ထုန်း၏လုပ်ငန်းတာဝန်ကို အပြည့်အဝနားလည်မှုရှိသော ၎င်း၏မိခင်က “သားရေ မင်းက ကပ်ရောဂါအတွင်း မွေးရပ်မြေက လူတွေရဲ့ အသက်ကိုကယ်တင်ပေးဖို့ ရောက်ရှိနေတာပါ။ အမေတို့လည်း ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချနိုင်ရေးအတွက် အိမ်မှာပဲနေပြီး အပြင်ကိုမထွက်ကြပါဘူး။ အမေတို့အတွက် မစိုးရိမ်ပါနဲ့။ အလုပ်တာဝန်ကိုသာ အာရုံစိုက်ပါ” ဟု WeChat ကတစ်ဆင့် အားပေးခဲ့သည်။ 

လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လူနာများအား ဆေးကုသပေးနေသော ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အပြင်းဖျားလူနာများစွာကို စစ်ဆေးကြည့်ရှုရန်နှင့် မတူညီသောနေရာများစွာရှိ ဆေးရုံအမြောက်အမြားကြားတွင် သွားလာရန်မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်များအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်ဖြစ်နေသည်။ ဒေါက်တာထုန်းသည် ဟွမ်ကန်းမြို့ရှိ Dabieshan ကျန်းမာရေးစင်တာသို့ စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။ ၎င်းသည် အသွားအလာကန့်သတ်ဆောင်များ၌ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ လူနာပေါင်း ၆၀ ကျော်ကို ကုသမှုပေးခဲ့ကြောင်း သိရသည်။ 

ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒေါက်တာ ထုန်းသည် အသက်ရှူလမ်းကြောင်းနှင့် အထူးကြပ်မတ်ကုသရေးနယ်ပယ်၌ လုပ်သက် ၃၂ ရှိပြီဖြစ်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာဌာန၌ စတင်ဝင်ရောက်ချိန်ကစ၍ ထုန်းသည် အပြင်းအထန်ဖျားနာသောလူနာများ ကုသရေးတွင် ရှေ့တန်းမှ အမြဲတစေပါဝင်လေ့ရှိသူဖြစ်သည်။ လူနာများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သောအချိန်တိုင်း စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်ဟု ထုံးက ဆိုသည်။ ၎င်း၏ အလုပ်တာဝန်အပေါ် စိတ်နှစ်မြှုပ်ထားမှုက လူသားများ၏ အသက်ကို ကယ်တင်ရင်း ဆရာဝန်များအားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပေသည်။ 

ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒေါက်တာ ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Beijing Luhe ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများနေ့အတွက် အမှတ်တရ သတင်းစကားကို ပြသနေသည့် ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Beijing Ditan ဆေးရုံရှိ အရေးပေါ်စောင့်ရှောက်ရေးဌာနတွင် လုပ်ဖော်ကိုင်ဖက်များနှင့် ဓာတ်ပုံရိုက်နေသော ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Beijing Ditan ဆေးရုံတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံပေါ်တွင် နာမည်ရေးသားပေးနေသော ထုန်းကျောင်းဟွေးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ ဆေးနှင့် ကျန်းမာရေးဝန်ထမ်းများအား လူမှုအသိုင်းအဝိုင်းမှ လေးစားမှုရှိရန် လှုံဆော်သည့်အနေဖြင့် ဩဂုတ် ၁၉ ရက်ကို ကျန်းမာရေးဝန်ထမ်းများနေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ တတိယအကြိမ်မြောက် ကျန်းမာရေးဝန်ထမ်းနေ့ အမှတ်တရအဖြစ် ဒေါက်တာ ထုန်းက “လူ့အသက်တွေကို လေးစားခြင်းက လူ့အသက်တွေကို ကယ်တင်ဖို့ပါပဲ” ဟု သတင်းစကားပါးလိုက်သည်။  (Xinhua)