Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးကို မဲခေါင်ဒေသနိုင်ငံများအတွက် ဦးစားပေး ထောက်ပံ့မည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinovac Biotech Ltd တွင် ဝန်ထမ်းတစ်ဦးက COVID-19 inactivated ကာကွယ်ဆေး နမူနာအား ပြသနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးထုတ်လုပ်ပြီး အသုံးပြုချိန်တွင် မဲခေါင်ဒေသနိုင်ငံများအတွက် ဦးစားပေး  ထောက်ပံ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ယနေ့ တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗီဒီယိုလင့်ခ်မှ တစ်ဆင့် ပြုလုပ်သော တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စဉ် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) အထူးရန်ပုံငွေမူဘောင်အောက်တွင် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန် အထူးရန်ပုံငွေများကို ထူထောင်သွားမည် ဖြစ်ကြောင်း နှင့် မဲခေါင်နိုင်ငံများသို့ ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ နှင့် နည်းပညာ ထောက်ပံ့မှုများ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို ဝန်ကြီးချုပ် လီခဲ့ချန်က အလေးပေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ၏ လုပ်ငန်းစဉ်ကို ထောက်ပံ့ရန် မဲခေါင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)