Connect with us

CHINA

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါပိုး ရှိသူ အရေအတွက် ငါးသန်းကျော်ရှိလာ 

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ၌ COVID ရောဂါပိုး ရှိသူ အရေအတွက်မှာ စက်တင်ဘာ ၁၆ ရက်ထိ ငါးသန်းကျော် ( ၅,၀၂၀,၃၅၉ ဦး) အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၉၀,၁၂၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ 

နိုင်ငံတွင်း သေဆုံးသူ အရေအတွက်မှာ ပြီးခဲ့သော ၂၄ နာရီအတွင်း ၁,၂၉၀ ဦး ရှိခဲ့ကြောင်း နှင့် ကပ်ရောဂါကြောင့် သေဆုံးသူပေါင်းမှာ ၈၂,၀၆၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၃,၉၄၂,၃၆၀ ဦးမှာ ရောဂါ သက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီး အတည်ပြုလူနာပေါင်း ၉၉၅,၉၃၃ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။ 

စက်တင်ဘာ ၁၅ ရက်အတွက် ဓာတ်ခွဲနမူနာပေါင်း ၁,၁၁၆,၈၄၂ ခုကို စစ်ဆေးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာ ၁၅ ရက်အထိ စုစုပေါင်း ဓာတ်ခွဲနမူနာပေါင်း ၅၉,၄၂၉,၁၁၅ ခုအား စစ်ဆေးပြီးစီးခဲ့ကြောင်း အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) ထံမှ သိရသည်။ 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်တွေ့ရှိမှုအရ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး သက်ရောက်မှုခံစားရသောနိုင်ငံ တစ်နိုင်ငံ အဖြစ်ရှိနေသည်။ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပျမ်းမျှ နေ့စဉ် ရောဂါကူးစက်မှု ၉၀,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။ 

လွန်ခဲ့သော နှစ်လက ပျမ်းမျှအားဖြင့် ရောဂါကူးစက်မှုမှာ ၂၄,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ပြီးခဲ့သောလတွင် ၅၈,၀၀၀ ထိရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တစ်ရက်လျှင် အတည်ပြုလူနာသစ် တွေ့ရှိမှုသည် အခြား အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံများ ဖြစ်သည့် အမေရိကန် နှင့် ဘရာဇီးနိုင်ငံတို့၏ နေ့စဉ် ပျမ်းမျှ တွေ့ရှိမှုထက် နှစ်ဆကျော်ထိ ရောက်ရှိနေကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေချိန်တွင် လွှတ်တော်အစည်းအဝေးအား တစ်ဦး နှင့် တစ်ဦး ခပ်ခွာခွာ အနေအထား ၊ တင်းကြပ်သော အစီအမံများ နှင့်အတူ စက်တင်ဘာ ၁၄ ရက်တွင် စတင်ခဲ့သည်။ 

အိန္ဒိယနိုင်ငံ လွှတ်တော်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ် လွှတ်တော်တစ်ရပ်မှ ကိုယ်စားလှယ်များသည် အခြားလွှတ်တော်တစ်ရပ်တွင် ဝင်ရောက်နေရာယူပြီး ၎င်းတို့အနေဖြင့် စီစဉ်နေရာချထားသောထိုင်ခုံများတွင် ဝင်ထိုင်ခဲ့ရကြောင်း နှင့်တစ်ချိန်တည်းမှာပင် ဗီဒီယိုရုပ်သံမှတစ်ဆင့် အစည်းအဝေးကို တက်ရောက်ခဲ့ရကြောင်း သိရသည်။ 

လွှတ်တော် နှစ်ရပ်လုံး၏ အသံစနစ်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားကြောင်း သိရသည်။ ထို့အတူ လွှတ်တော် နှစ်ရပ်၏ ကျင်းပချိန်များကိုလည်း ပြောင်းလဲထားပြီး သတင်းမီဒီယာများ ဝင်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.