Connect with us

CHINA

တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် အားလပ်ရက်မတိုင်မီ ရုံဝင်လူဦးရေ သတ်မှတ်မှု လျှော့ချ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Capital Cinema (Xidan ရုံခွဲ) တွင် ရုပ်ရှင်ကြည့်ရှုသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုကြားမှ ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ရုံဈေးကွက် ထပ်မံနာလန်ထူနိုင်ရန်အတွက် ရုံဝင်လူဦးရေအများဆုံးသတ်မှတ်မှုကို လက်ရှိ ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သတ်မှတ်ချက်အသစ်ကို တရုတ်နိုင်ငံ ရုပ်ရှင်ဖြန့်ဖြူးခြင်းနှင့် ပြခန်းအသင်းက စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ ရုပ်ရှင်ရုံများကို COVID-19 ဖြစ်ပွားမှုကြောင့် လများစွာကြာ ပိတ်ထားရာမှ ဇူလိုင် ၂၀ ရက်၌ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ချိန်ကစ၍ စက်တင်ဘာ ၁၅ ရက်အထိ တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများမှ ဝင်ငွေမှာ ယွမ် ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇၃၀ ကျော်) ရရှိခဲ့သည်။ ထို့ကြောင့် လာမည့် အောက်တိုဘာ အမျိုးသားနေ့ အားလပ်ရက် ရုပ်ရှင်ဈေးကွက်ကို မြှင့်တင်ရန်အတွက် ယခုကဲ့သို့ သတ်မှတ်ချက်အသစ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့်နှစ် ၇ ရက်ကြာ အမျိုးသားနေ့အားလပ်ရက်၌ ရုပ်ရှင်ရုံ လက်မှတ်ရောင်းအားမှာ ယွမ် ၅ ဘီလီယံ ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ တစ်နှစ်တာရုပ်ရှင်ရုံဝင်ငွေမှာ ယွမ် ၆၄ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် အားလပ်ရက်များတွင် ပြသမည့် ရုပ်ရှင်များတွင် “My People, My Homeland” ၊ “Legend of Deification” နှင့်  “Ne Zha” စသည့်ဇာတ်ကားများလည်း အပါအဝင်ဖြစ်သည်။ 

စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်၌ ဒေသတစ်ခုချင်းစီ၌ ရုံဝင်လူဦးရေသတ်မှတ်ချက်သည် ဒေသဆိုင်ရာ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနများ၏ လမ်းညွှန်ချက်များအရ ပြည်နယ်အဆင့် ရုပ်ရှင်လုပ်ငန်းအာဏာပိုင်များမှ ချိန်ညှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ရုပ်ရှင်ချစ်သူများအနေဖြင့် ရုံအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း ခံယူရမည်ဖြစ်ပြီး နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသူ သို့မဟုတ် ကိုယ်အပူချိန် ၃၇.၃ ဒီဂရီစင်တီဂရိတ်အထက်ရှိသူများကို ရုံအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သတ်မှတ်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ ရုပ်ရှင်ရုံလက်မှတ်များအားလုံးကို နာမည်အစစ်အမှန်ဖြင့် အွန်လိုင်းမှ ကြိုတင်မှာယူရမည်ဖြစ်ပြီး လူကိုယ်တိုင်ရောင်းချသွားမည်မဟုတ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117