Connect with us

CHINA

တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး ဒုတိယသုတ် မော်ရိုကိုနိုင်ငံ လက်ခံရရှိ

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့တွင် ဖေဖော်ဝါရီ ၃ ရက်က အမျိုးသမီးတစ်ဦး တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ရာဘတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို ဖေဖော်ဝါရီ ၁၆ ရက်က လက်ခံရရှိကြောင်း မော်ရိုကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ပေးပို့သော ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ ပါ ဒုတိယအသုတ်သည် မော်ရိုကိုနိုင်ငံ ကာဆာဗလန်ကာမြို့ရှိ Mohammed V လေဆိပ်သို့ ဖေဖော်ဝါရီ ၁၆ ရက် နံနက်အစောပိုင်းက ရောက်ရှိလာခဲ့ကြောင်း နှင့် ယင်းကာကွယ်ဆေးများကို နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
မော်ရိုကိုနိုင်ငံတွင် တရုတ်နိုင်ငံမှ ပေးပို့သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအသုတ်လက်ခံရရှိပြီးနောက် ဇန်နဝါရီ ၂၈ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်အထိ မော်ရိုကိုနိုင်ငံတွင်COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၁,၇၀၇,၀၉၁ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။(Xinhua)
————————————————–
(English Version)
Morocco receives 2nd batch of COVID-19 vaccine from China
RABAT, Feb. 16 (Xinhua) — Morocco received on Tuesday the second batch of China’s Sinopharm COVID-19 vaccine, the ministry of health said.
The batch of 500,000 doses arrived from China at the Casablanca Mohammed V Airport early in the day, and will be dispatched to vaccination centers across the North African country, according to the ministry.
Morocco launched the nationwide vaccination campaign on Jan. 28 after the arrival of the first shipment of the Chinese coronavirus vaccine.
As of Monday, 1,707,091 people had been vaccinated against COVID-19 in Morocco. Enditem

(1)A Moroccan worker packs the Chinese Sinopharm COVID-19 vaccines for distribution in Casablanca, Morocco, on Jan. 27, 2021. (Xinhua/Chadi)
(2) Moroccan King Mohammed VI (R) receives the first shot of COVID-19 vaccine in Fez, Morocco, on Jan. 28, 2021.(Xinhua)
(3) A woman receives a dose of Chinese Sinopharm COVID-19 vaccine in Rabat, Morocco, Feb. 3, 2021. (Xinhua/Chadi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.