Connect with us

CHINA

တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများ တင်ပို့ရန် သယ်ယူပို့ဆောင်နိုင်မှုစွမ်းရည် လုံလောက်မှုရှိကြောင်း ဝန်ကြီးဌာန ပြော

ကျူးဟိုင်-မကာအို နယ်စပ်ဖြတ်ကျော် စက်မှုဇုန်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများ တင်ဆောင်လာသည့် ထရပ်ကားတစ်စီးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အအေးခန်းထရပ်ကားများနှင့် သေတ္တာများ လုံလုံလောက်လောက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးများကို အပူချိန် ၂ မှ ၈ ဒီဂရီစင်တီဂရိတ်ကြားထားရှိ၍ အအေးခန်း ထရပ်ကားနှင့် အအေးခန်းသေတ္တာများဖြင့် အမြဲတစေသယ်ယူပို့ဆောင်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Sun Wenjian က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ကနဦးလေ့လာမှုများအရ တရုတ်နိုင်ငံတွင် အအေးခန်းထရပ်ကား ၁၀,၀၀၀ ကျော် နှင့် အအေးခန်းသေတ္တာ ၃၀၀,၀၀၀ နီးပါးရှိပြီး ကာကွယ်ဆေးထုတ်လုပ်မှု၊ ပေးပို့မှုနှင့် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း Sun က ပြောခဲ့သည်။

COVID-19 ကာကွယ်ဆေးများ သယ်ယူပို့ဆောင်သော ယာဉ်များအနေဖြင့် မော်တော်ယာဉ်ဖြတ်သန်းရေးဂိတ်များတွင် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ မကြာသေးမီက ထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်ဖြတ်သန်းရေးစခန်းများ၌လည်း ကာကွယ်ဆေး သယ်ဆောင်လာသော မော်တော်ယာဉ်များကို ဦးစားပေးရန် အထူးဖြတ်သန်းသွားလာခွင့်နေရာကို ထားရှိသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။ (Xinhua)

—————————-
(Englsih Version)
China’s transport capacity sufficient for shipping COVID-19 vaccines: ministry
Source: Xinhua| 2021-02-26 19:42:29|Editor: huaxia
BEIJING, Feb. 26 (Xinhua) — China has sufficient refrigerated trucks and cold boxes to meet the transportation needs associated with COVID-19 vaccines, an official said on Friday.
China’s domestic COVID-19 vaccines are usually transported in refrigerated trucks and cold boxes at temperatures from 2 to 8 degrees Celsius, Sun Wenjian, a spokesperson with the Ministry of Transport, told a press conference.
According to preliminary surveys, the country has over 10,000 refrigerated trucks and nearly 300,000 cold boxes, which can meet the transportation demands of the process of vaccine production, supply and inoculation, Sun said.
Vehicles transporting COVID-19 vaccines will be exempted from tolls, according to a circular recently released by the ministry.
Toll stations with favorable conditions will set up special passages to give priority to vehicles carrying vaccines, the circular said. ■
A truck carrying COVID-19 vaccines made in the Chinese mainland arrives at the Zhuhai-Macao Cross-Border Industrial Zone on Feb. 6, 2021. (Xinhua/Cheong Kam Ka)