Connect with us

CHINA

ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်း တရုတ်နိုင်ငံ မကာအိုသို့ ရောက်ရှိ

ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်း ကျူးဟိုင်-မကာအို နယ်စပ်ဖြတ်ကျော်စက်မှုဇုန် နယ်စပ်ဂိတ်သို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မကာအို၊ မတ် ၁ ရက်(ဆင်ဟွာ)

ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ မကာအိုသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုများကို လာမည့်အပတ်တွင် စတင်ရန် ခန့်မှန်းထားကြောင်းသိရသည်။

ကာကွယ်ဆေးလက်ခံပွဲအခမ်းအနားကို ကျူးဟိုင်-မကာအို နယ်စပ်ဖြတ်ကျော်စက်မှုဇုန် နယ်စပ်ဂိတ်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ မကာအို အထူးဒေသအစိုးရ ကျန်းမာရေးဦးစီးဌာန ဆေးဝါးရေးရာဌာန စာရင်းစိစစ်ရေးနှင့်အကောက်ခွန်ဝန်ထမ်းများက စစ်ဆေးပြီး ကာကွယ်ဆေးများကို သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အအေးခန်းသိုလှောင်ရုံတွင် ထိန်းသိမ်းရာ ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ထိုး လက်ခံခဲ့သည်။

ဒုတိယအသုတ် Sinopharmကာကွယ်ဆေးများကို အလုပ်သမားဝန်ထမ်းများ သယ်ယူပို့ဆောင်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မကာအိုသည် ကိုဗစ်ကာကွယ်ဆေး (၁.၅)သန်းကို မှာယူထားပြီဖြစ်ရာ ယနေ့အထိ လက်ခံရရှိသည့်ကာကွယ်ဆေး(၆)သိန်းရှိပြီဖြစ်ကြောင်း ယင်းဒေသကျန်းမာရေးဦးစီးဌာန အကြီးအကဲ လီကျန်ရွန့်က ဆိုသည်။ လာမည့်လတွင်လည်း Fubitaiကိုဗစ်ကာကွယ်ဆေး (Fosun Pharma /BioNTech) (၁)သိန်း ရောက်ရှိမည်ဖြစ်ပြီး ဇွန်လတွင် AstraZeneca ကာကွယ်ဆေးများ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဒုတိယအသုတ် Sinopharmကာကွယ်ဆေးများကို အလုပ်သမားဝန်ထမ်းများ သယ်ယူပို့ဆောင်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မကာအိုတွင် အသုံးပြုမည်ကာကွယ်ဆေးကို လက်ရှိ အမျိုးအစား(၃)မျိုးခွဲခြားနိုင်ရာ Sinopharm Inactivatedကာကွယ်ဆေး၊ Fubitai mRNA ကာကွယ်ဆေး၊ AstraZeneca adenovirus vectors ကာကွယ်ဆေး တို့ဖြစ်သည်။

တရုတ်နိုင်ငံ မကာအို အထူးဒေသအစိုးရ ကျန်းမာရေးဦးစီးဌာန ဆေးဝါးရေးရာဌာန စာရင်းစိစစ်ရေးမှ ကာကွယ်ဆေးများအား လက်ခံစစ်ဆေးနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ မကာအိုတွင် လက်ခံရရှိထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၆)သိန်းခန့်ရှိပြီး ယင်းနေ့တွင် လက်ခံရရှိသည့် Sinopharm ကာကွယ်ဆေး (၄)သိန်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ပထမသုတ် Sinopharm ကာကွယ်ဆေး (၁)သိန်း နှင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ရောက်ရှိသည့် Fubitai ကာကွယ်ဆေး (၁)သိန်းခန့်တို့ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ကျန်းမာရေးဦးစီးဌာန အကြီးအကဲ လီကျန်ရွန့်ကကာကွယ်ဆေးဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ထိုး လက်ခံနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်း လက်ခံရယူပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လီကျန်ရွန့်က မကာအို၏ ကာကွယ်ဆေးထိုးနှံရန် ကြိုတင်စီစဉ်ထားမှုများက မျှော်မှန်းထားသည်နှင့်ကိုက်ညီကြောင်း၊ လက်ရှိ ကာကွယ်ဆေးထိုးနှံပြီးသူ (၃)သောင်းကျော်ရှိပြီဖြစ်ကြောင်း ဆိုသည်။ ခုခံအားအမြန်ရရှိရန် ဒေသနေပြည်သူများကို ကာကွယ်ဆေး လျင်မြန်စွာ ထိုးနှံကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

——————————————————-
(Chinese Version)

(港澳台)第二批共40万剂国药新冠疫苗抵达澳门

 新华社澳门2月28日电(记者李寒芳)第二批共40万剂国药新冠灭活疫苗2月28日下午抵达澳门,预计下周展开接种。
 疫苗接收仪式在珠澳跨境工业区边境站举行。澳门特区政府卫生局药物事务厅稽查人员和海关一同检查货车,完成清关手续后,疫苗送入符合要求的货柜冷冻库保存,卫生局签署接收疫苗文件。
卫生局局长李展润在接收仪式现场受访表示,澳门合共订购150万剂新冠疫苗,至今共接收约60万剂。下月还有10万剂新冠疫苗复必泰疫苗(复星医药/德国药厂拜恩泰科新冠疫苗)信使核糖核酸疫苗到货,阿斯利康腺病毒载体疫苗则预计于6月到货。
 供澳新冠疫苗目前共分三种,分别为国药灭活疫苗、复必泰疫苗信使核糖核酸疫苗及阿斯利康腺病毒载体疫苗。
  目前澳门已接收的约60万剂新冠疫苗,除当日到达的40万剂国药灭活疫苗外,国药集团生产的灭活疫苗为首批抵达澳门的新冠疫苗,共10万剂于6日到货,约10万剂复必泰疫苗也于27日运达澳门。
李展润说,澳门预约接种疫苗情况尚算理想,目前逾3万人预约接种。他呼吁居民尽快接种,及早产生抵抗力。(完)
图说1:2月28日,第二批共40万剂国药新冠灭活疫苗抵达珠澳跨境工业区边境站。
图说2,3:2月28日,工作人员搬运第二批国药新冠灭活疫苗。
图说4:2月28日,澳门特区政府卫生局药物事务厅稽查人员查看货车实时温度数据。
图说5:2月28日,澳门特区政府卫生局局长李展润(中)签署接收疫苗文件。
图说6:2月28日,嘉宾在第二批共40万剂国药新冠灭活疫苗接收仪式上合影。