Connect with us

CHINA

တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးများက COVID-19 စမ်းသပ်မှုအတွက် Booking ဝန်ဆောင်မှု မိတ်ဆက်

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် COVID-19 အတွက် nucleic acid စမ်းသပ်မှုရရှိရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

 

ဟန်ကျိုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးများဖြစ်သော အလီဘာဘာအုပ်စု၊ JD.com နှင့် Tencent တို့က COVID-19 စမ်းသပ်မှုများအတွက် ကြိုတင်စာရင်းပေးခြင်း (Booking) ဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ကြောင်း ကုမ္ပဏီများ၏ ပြောကြားချက်အရ သိရသည်။

Alibaba ၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းခွဲဖြစ်သော Ali Health က ရှန်ဟိုင်းနှင့် ပေကျင်း မြို့များအပါအဝင် မြို့ ၁၀ မြို့တွင် ရောဂါစမ်းသပ်ရန် ချိန်းဆိုမှုများကို ဧပြီ ၂၁ ရက်မှစတင်ကာ ဝန်ဆောင်မှုပေးခဲ့သည်။ အဆိုပါဝန်ဆောင်မှုများကို ယခုတစ်ပတ်အတွင်း မြို့ပေါင်း ၂၈ မြို့အထိ တိုးချဲ့သွားမည် ဖြစ်သည်။

အင်တာနက်အသုံးပြုသူများအနေဖြင့် Alibaba ၏ အဓိက e-commerce site ဖြစ်သည့် Taobao ထဲဝင်ရောက်သွားပါက “coronavirus nucleic acid test” ပြုလုပ်ရန် ကြိုတင်စာရင်းပေးခြင်း ဝန်ဆောင်မှုလုပ်ပေးသော အင်တာနက်စာမျက်နှာထံ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။

JD.com ၏ လုပ်ငန်းခွဲဖြစ်သော JD Health နှင့် Tencent ၏ လူမှုမီဒီယာပလက်ဖောင်းဖြစ်သည့် WeChat တို့ကလည်း ပေကျင်း၊ ကွမ်ကျိုးနှင့် အခြားမြို့များ၌ COVID-19 စမ်းသပ်မှုများအတွက် အလားတူ ကြိုတင်စာရင်းပေးခြင်း ပလက်ဖောင်းများကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။  (Xinhua)