Connect with us

CHINA

တရုတ် နိုင်ငံ အနယ်နယ်အရပ်ရပ် ရှိ ကဏ္ဍ အသီးသီးက ပြည်ပ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် တက်ကြွစွာ ကူညီထောက်ပံ့

ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း မှ နိုင်ငံတကာ သို့ ကူညီထောက်ပံ့ပေးသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ၌ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရရှိခဲ့ပြီး နောက် အနယ်နယ်အရပ်ရပ် ရှိ ကဏ္ဍ အသီးသီးက ပြည်ပ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပစ္စည်းကိရိယာများ လှူဒါန်းပေးခြင်း နှင့် အတွေ့အကြုံများ မျှဝေပေးခြင်း တို့ကို တရုတ်နိုင်ငံက တက်ကြွစွာ ဆောင်ရွက်ပေးခဲ့သည်။

ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း က ဧပြီ ၂၀ ရက် ၌ အာဖရိက သမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာ ခဲ့ပြီး အာဖရိကတိုက် သို့ တတိယ အသုတ် ကပ်ရောက်ဂါ တိုက်ဖျက်ရေး ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း တည်ထောင်သူ ဂျက်မား က တတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများ တွင် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ ၄.၆ သန်း ၊ ရောဂါစစ်ဆေးမှု ကိရိယာ အစုံရေ ၅ သိန်း ၊ အသက်ရှူစက် အလုံးရေ ၃၀၀ ၊ အနီအောက်ရောင်ခြည် သာမိုမီတာ အခုရေ ၁၀၀ ၊ အပူချိန်တိုင်း ကိရိယ အခုရေ ၂ ထောင် ၊ ကာကွယ်ရေးဝတ်စုံ ၂ သိန်း ၊ မျက်နှာ အကာအကွယ်ပစ္စည်း ၂ သိန်း နှင့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ် ၅ သိန်း တို့ ပါဝင်ကြောင်း ၊ အဆိုပါ ပစ္စည်းများအား အာဖရိက သမဂ္ဂ ကို တိုက်ရိုက်လှူဒါန်းပေးမည် ဖြစ်ပြီး အာဖရိက သမဂ္ဂ နှင့် အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာ တို့ က ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေပေါ် မူတည်၍ ထောက်ပံ့ရေး ပစ္စည်းများအား ခွဲဝေပေးကာ အာဖရိကတိုက် ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပိုမိုထိရောက်စွာ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း မှ နိုင်ငံတကာ သို့ ကူညီထောက်ပံ့ပေးသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း က ဦးစီး၍ တရုတ် နိုင်ငံ ပညာရှင်များ နှင့် အာဖရိကတိုက်ရှိ ဆရာဝန်များ အွန်လိုင်း တွေ့ဆုံဖလှယ်မှု ကို ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပြီး တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်မှု ရှေ့တန်း အတွေ့အကြုံများအား မျှဝေပေး ခဲ့သည်။

တရုတ် နိုင်ငံ ချုံချင်းမြို့ ရှိ ပညာရှင်များ ကလည်း ဧပြီလ ၁၇ ရက် တွင် အွန်လိုင်း မှ တစ်ဆင့် ဘရာဇီး နိုင်ငံ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ဘရာဇီး နိုင်ငံ ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေ ကို သုံးသပ်ပေးခဲ့ကာ တရုတ် နိုင်ငံ ကပ်ရောဂါ ထိန်းချုပ်မှု အတွေ့အကြုံ နှင့် ဆောင်ရွက်မှုများအား မျှဝေပေးခဲ့သည်။

ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း မှ နိုင်ငံတကာ သို့ ကူညီထောက်ပံ့ပေးသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစည်းအဝေး တွင် ဘရာဇီး နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူး က လက်ရှိချိန်တွင် ဘရာဇီး နိုင်ငံ အနေဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ကုသရေး ကဏ္ဍ တွင် ညွှန်ကြားမှု နှင့် အကူအညီ အလွန်လိုအပ်နေပြီး ချုံချင်းမြို့ရှိ ပညာရှင်များက ယခုကဲ့သို့ အွန်လိုင်း အစည်းအဝေး ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ၊ ယခု အကြိမ် အစည်းအဝေး မှ တစ်ဆင့် ဘရာဇီး နိုင်ငံ က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု နှင့် ကုသမှု အတွေ့အကြုံများ ကို သိရှိနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ  ကပ်ရောဂါ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကိုလည်း တိုးချဲ့ နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဧပြီ ၁၇ ရက် တွင် ရှန်ဟိုင်းမြို့ ရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်များ က နယူးဇီလန် ဆေးဘက်ဆိုင်ရာ အရာရှိ နှင့် ပညာရှင်များ နှင့် အတူတကွ အွန်လိုင်း အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး COVID-19 ရောဂါ ကုသမှု ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ကာကွယ်ရေးဝတ်စုံ နှင့် ဆေးဝါကုသမှု စသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြသည်။

အစည်းအဝေး ပြီးနောက် တွင် နယူးဇီလန် သက်ဆိုင်ရာ တာဝန်ရှိသူ က မိမိ တို့အနေဖြင့် ကာလတစ်လျှောက် တစ်ဦး နှင့် တစ်ဦး ဤကဲ့သို့ ခွဲခွာနေသည် ကို မကြုံခဲ့ဖူးရသော်လည်း အတူတကွ ကပ်ရောဂါ အား ကြိုးပမ်းတိုက်ဖျက်ရာတွင် မိမိ တို့သည် မည်သည့်အချိန်ကမျှ ယခုလောက် အတူတကွ အနီးကပ် ချိတ်ဆက်မှု မရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရှန်ဟိုင်း ဆေးဘက်ဆိုင်ရာ ပညာရှင်များ က ဧပြီလ ၁၆ ရက် တွင်လည်း ရိုမေးနီးယား နိုင်ငံ ကူးစက်ရောဂါ ပညာရှင် အဖွဲ့ နှင့် အွန်လိုင်း တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

တရုတ်-တူရကီ COVID-19 ရောဂါ ကာကွယ်ကုသရေး ဆိုင်ရာ ပညာရှင်များ ဗီဒီယို အစည်းအဝေး အား တရုတ် နိုင်ငံ ဟူနန်ပြည်နယ် ချန်စား မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး နှစ်နိုင်ငံ ပညာရှင် တို့ က COVID-19 ရောဂါ စစ်ဆေးမှု ၊ အမျိုးအစား မတူသည့် လူနားအမျိုးမျိုး ၏ ရောဂါ ကုသမှု ၊ ဆေးဝါးပူးပေါင်း အသုံးပြုခြင်း ၏ လုံခြုံမှု နှင့် ထိရောက်မှု ၊ တရုတ် တိုင်းရင်းဆေး ၏ ထိရောက်မှု ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၏ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှေက်မှု နှင့် သီးသန့်ခွဲခြား ထားရှိမှု စသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ပြီး ဟူနန် ပြည်နယ် နှင့် တရုတ် နိုင်ငံ အခြားပြည်နယ် တို့ ၏ ဆောင်ရွက်မှု အတွေ့အကြုံများအား မျှဝေပေး ခဲ့သည်။

ဟူနန် ပြည်နယ် အနေဖြင့် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ အား တီထွင်ထုတ်လုပ် ခဲ့ပြီး နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း တွင် တက်ကြွစွာ ပါဝင် ဆောင်ရွက် ခဲ့သည်။ ဟူနန် စိမ့်ရှန် ဇီဝနည်းပညာကုမ္ပဏီ အနေဖြင့်လည်း ၇၂ နာရီ အတွင်း COVID-19 ရောဂါ စစ်ဆေးမှု ကိရိယာ အား တီထွင်ထုတ်လုပ် နိုင်ခဲ့ပြီး လျှင်မြန်စွာ ဈေးကွက်သို့ ဖြန့်ဝေ ခဲ့ကာ ပြည်တွင်းပြည်ပ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း အတွက် ကူညီထောက်ပံ့ပေး ခဲ့သည်။

ထို့ပြင် ဟူနန် အန်းပန်း ဆေးဝါထုတ်လုပ်မှု ကုမ္ပဏိ အနေဖြင့်လည်း အာဖဂန်နစ္စတန် နိုင်ငံ ပါကစ္စတန် နိုင်ငံ တို့အား ချောင်းဆိုးပျောက်ဆေး ဗူးရေ ၁,၅၀၀ နှင့် ၆၀၀ တို့အား အသီးသီး ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။  (Xinhua)