Connect with us

CHINA

တရုတ်နိုင်ငံက ဖိလစ်ပိုင် နိုင်ငံသို့ ဗိုင်းရပ်စ် ပြန့်ပွားမှု တိုက်ဖျက်ရေး ကူညီရန် COVID-19 အမြန်စမ်းသပ်ကိရိယာ ၂,၀၀၀ လှူဒါန်း

ဖိလစ်ပိုင် နိုင်ငံရှိ ဘတ်စ်ကားဂိတ် တစ်ခုတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၏ ရောဂါ ကူးစက်ဖြစ်ပွားမှုများ အလျင်အမြန်မြှင့်တက်လာခြင်းကို ကူညီတားဆီးပေးနိုင်ရန် တရုတ်နိုင်ငံသံရုံးမှ ဖိလစ်ပိုင်နိုင်ငံအား COVID-19 အမြန်စမ်းသပ်ကိရိယာ ၂,၀၀၀ အား ယနေ့ မတ် ၁၆ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် အမြန်စမ်းသပ်ကိရိယာများအား တရုတ် BGI အုပ်စုမှ ထုတ်လုပ်ထားပြီး သုံးနာရီ အတွင်း စစ်ဆေးမှု ရလဒ်များကို ထုတ်ပေးနိုင်သည့် စွမ်းရည်ရှိကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ဖိလစ်ပိုင် နိုင်ငံ၌ ပိုးသတ်ဆေးဖြန်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ) 

ဖိလစ်ပိုင် စစ်သားများ နှာခေါင်းစည်းများ တပ်ဆင်၍ လုံခြုံရေး ဆောင်ရွက်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင် စစ်သားများ နှာခေါင်းစည်းများ ဝတ်ဆင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ) ကိရိယာ , ဝမ်ရိ ကိရိယာ , ဝမ်ရိ 

“တရုတ်နိုင်ငံက လာမယ့်ရက်တွေမှာ စမ်းသပ်ကိရိယာတွေ ထပ်ပြီး ထောက်ပံ့ပေးသွားဖို့ အဆင်သင့် ရှိပါတယ်။”ဟု သံရုံးက ထပ်မံ ပြောကြားခဲ့သည်။“ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံရဲ့ ပင်လယ် တစ်ဖက်ကမ်း ရေချင်း ဆက်နွယ်နေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့် ဖိလစ်ပိုင် လူမျိုးတွေကို အကောင်းဆုံး ကူညီဖို့ အဆင့်သင့်ပါပဲ။”ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.