Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 တိုက်ဖျက်ရေးတွင် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဈေးဆိုင်တစ်ခုတွင် စောင့်ဆိုင်းနေကြသော ဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်းနှင့် ၎င်းနှစ်နိုင်ငံသို့ ထောက်ပံ့မှုနှင့် ကူညီမှု ပေးရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၂၅ ရက်၌ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကပ်ရောဂါဖြစ်ပွားမှု အခြေအနေပေါ် မှတ်ချက်ပေးရန် မေးမြန်းစဉ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျိုးလီကျန်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်ကတည်းက ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများ၏ အစိုးရများနှင့် ပြည်သူများထံမှ တရုတ်နိုင်ငံသို့ ထောက်ပံ့၊ ကူညီများ ပေးအပ်ခဲ့သည့်အတွက် လွန်စွာကျေးဇူးတင်ရှိကြောင်း ကျိုးက ပြောခဲ့သည်။

ရင်းနှီးသောအိမ်နီးချင်းများသည် လိုအပ်သောအချိန်များတွင် တစ်ဦးနှင့်တစ်ဦး ကူညီကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ နိုင်ငံနှစ်နိုင်ငံနှင့်အတူ အချက်အလက်နှင့် အတွေ့အကြုံမျှဝေရန်၊ ၎င်းတို့၏ လိုအပ်ချက်အတိုင်း ထောက်ပံ့မှုနှင့် ကူညီမှုများ ပေးအပ်ရန် ဆန္ဒရှိကြောင်း ကျိုးက ပြောကြားခဲ့သည်။“ကပ်ရောဂါအခြေအနေကို ရင်ဆိုင်ရင်း တစ်နိုင်ငံချင်းစီက ပြည်သူတွေရဲ့ အသက်တွေနဲ့ ကျန်းမာရေးကို ကာကွယ်ဖို့၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုံခြုံမှုကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ကျိုးက ဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.