Connect with us

CHINA

COVID-19 ရောဂါ နိုင်ငံဖြတ်ကျော် ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် တရုတ်-ဂျပန် ညှိနှိုင်းဆောင်ရွက်ရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆု မိုတဲဂျီတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် COVID-19 ကူးစက်ရောဂါ နိုင်ငံဖြတ်ကျော် ပျံ့နှံ့မှုကို ကာကွယ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံနှင့် ဒေသအများစုရှိ ပြည်သူ့ကျန်းမာရေးကို ထိထိရောက်ရောက် ကာကွယ်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆု မိုတဲဂျီ (Toshimitsu Motegi) နှင့် ဖုန်းပြောဆိုရာတွင် ဝမ်က နှစ်နိုင်ငံအနေဖြင့် နိုင်ငံစုံပါဝင်ရေးမူဘောင်အတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် နည်းလမ်းများအား တက်ကြွစွာရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117