Connect with us

CHINA

အီတလီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှ ကျွမ်းကျင်ပညာရှင် ၅ ဦး စေလွှတ် 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မှ အီတလီနိုင်ငံသို့ မထွက်ခွာမီ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ချန်တူး၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ လေးဦးနှင့် အီတလီ ဘာသာစကားကျွမ်းကျင်သူ ဘာသာပြန်တစ်ဦးတို့သည် အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်မှုအတွက် ကူညီရန် မတ် ၁၁ ရက်တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံတွင် တစ်နိုင်ငံလုံး ဝင်ထွက်ခွင့်ပိတ်လိုက်သည့် ပထမဆုံးနေ့၌ ရောမမြို့ရှိ Piazza del Popolo ရင်ပြင်ပအား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကျွမ်းကျင်သူငါးဦးသည် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ဖွဲ့စည်းထားသော စေတနာ့ဝန်ထမ်း ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းမည်ဖြစ်ပြီး ၎င်းအဖွဲ့တစ်ဖွဲ့လုံး အီတလီနိုင်ငံသို့ သွားမည်ဖြစ်သည်။“အီတလီကို ရောက်ရင် အဲဒီကအခြေအနေတွေကို လေ့လာမယ်။ ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံကို ဖလှယ်တာတွေနဲ့ အီတလီ ဆရာဝန်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သွားမယ်” ဟု စီချွန်တက္ကသိုလ် West China Hospital ၏ အဆုတ်နှင့် အရေးပေါ်အခြေအနေ စောင့်ရှောက်ရေးဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး လျန်ကျုံးအန်းက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.