Connect with us

CHINA

တရုတ်နိုင်ငံပေကျင်းမြို့၌ ပြင်ပမှ ဝင်ရောက်လာသည့် COVID-19 ကူးစက်ခံရသူ ၆ ဦးရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတကာလေဆိပ်တွင် အကောက်ခွန်အရာရှိတစ်ဦးက ခရီးသည်တစ်ဦး၏ ကျန်းမာရေးလက်မှတ်အားစစ်ဆေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့၌ မတ် ၁၀ ရက်တွင် ပြင်ပမှဝင်ရောက်လာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ခံရသူ ၆ ဦးရှိကြောင်း သတင်းပေးပို့မှုရရှိခဲ့သည်ဟု ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အတည်ပြုလူနာ ၅ ဦးမှာ အီတလီမှဖြစ်ပြီး ကျန်တစ်ဦးမှာ အမေရိကန်မှ ဖြစ်ကြောင်း ပေကျင်းမြူနီစီပယ်ကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။မတ် ၁၀ ရက် အထိ ပေကျင်းမြို့၌ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၃၅ ဦးရှိသည်ဆိုသည့် သတင်းပေးပို့မှု ရရှိခဲ့ကြောင်း ၊ ယင်းတို့အားလုံးအနက် ၃၂၆ ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း နှင့် ရှစ်ဦးသေဆုံးကြောင်း သိရသည်။ပေကျင်းမြို့တော်အတွင်းရှိ ခရိုင် ၁၆ ခုအနက် ၁၂ ခုတွင် ၁၄ ရက်ဆက်တိုက် ရောဂါကူးစက်ခံရသူ အသစ်မရှိကြောင်း သိရသည်။(Xinhua)