Connect with us

CHINA

တရုတ်နိုင်ငံရှိ စာသင်ကျောင်းများတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်ရှိ မူလတန်းကျောင်းတွင် စာသင်ကြားနေသူများအား ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ မူကြို၊ မူလတန်း၊ အလယ်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာသင်ကျောင်းများ အတွက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ခြင်းနှင့် ကုသခြင်းများဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်လိုက်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက (MOE) ထံမှ သိရသည်။အဆိုပါ လမ်းညွှန်ချက်များတွင် ဗိုင်းရပ်စ်အကြောင်း အခြေခံဗဟုသုတ၊ ကျောင်း၏ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးစနစ် လုပ်ဆောင်မှုနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း မတိုင်မီနှင့် ဖွင့်လှစ်ပြီးနောက်ပိုင်း ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ဖော်ပြထားသည်။

စာသင်ကျောင်းများအား ဗိုင်းရပ်စ် ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် သိပ္ပံနည်းကျနှင့် မှန်ကန်သော လမ်းညွှန်ချက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် MOE က စတင်လိုက်သော ၎င်းလမ်းညွှန်ချက်များကို People’s Medical Publishing House က ထုတ်ပြန်ခြင်းဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် အခမဲ့ ကူးယူ (download) နိုင်ကြောင်း သိရသည်။အဆိုပါ လမ်းညွှန်ချက်များကို MOE ၏ ဝက်ဘ်ဆိုက် (www.moe.gov.cn) နှင့် တရားဝင် WeChat အကောင့်ဖြစ်သော (jybwb) တွင် ရရှိနိုင်ပြီဖြစ်သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117