Connect with us

CHINA

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများကို မကြာမီ လက်တွေ့စမ်းသပ်မှုများပြုလုပ်နိုင်မည်ဟု မျှော်မှန်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် mRNA ကာကွယ်ဆေး ဖော်ထုတ်မှု လက်တွေ့စမ်းသပ်ချက်အား ပြသနေသည့် သုတေသီတစ်ဦးအား ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အတွက် ကာကွယ်ဆေးအချို့အား လက်တွေ့စမ်းသပ်မှုများ ဖြစ်နိုင်သမျှမြန်မြန် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ် သိပ္ပံပညာရှင်များက COVID-19 ကာကွယ်ဆေးများဖြစ်သော inactivated vaccines , genetic engineering subunit vaccines , adenovirus vector vaccines , nucleic acid vaccines နှင့် အားပျော့သော တုပ်ကွေးဗိုင်းရပ်စ်ကို ဗက်တာများ (vectors) အဖြစ် အသုံးပြုထားသည့် ကာကွယ်ဆေးများအား အပြိုင်အဆိုင် ဖော်ထုတ်လျက်ရှိကြောင်း တရုတ်နိုင်ငံ အင်ဂျင်နီယာ အကယ်ဒမီမှ ပညာရှင်တစ်ဦးဖြစ်သော ဝမ်ကျွင့်ကျစ်က ပြောခဲ့သည်။ကာကွယ်ဆေး ဘေးကင်းရန်မှာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးစားပေးဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ကာကွယ်ဆေးဖော်ထုတ်သော အဖွဲ့များက ဧပြီလတွင် အကြိုလက်တွေ့စမ်းသပ်မှု ပြီးစီးရန် မျှော်မှန်းထားပြီး အချို့မှာ ပို၍မြန်နိုင်ကြောင်း ဝမ်က ဆိုသည်။အချို့သုတေသနအဖွဲ့များက အမျိုးသား ဆေးပစ္စည်းထုတ်ကုန်များ စီမံခန့်ခွဲမှုဦးစီးဌာနထံ စေတနာ့ဝန်ထမ်းများ စာရင်းသွင်းလျက်ရှိပြီး လက်တွေ့စမ်းသပ်မှုများအတွက် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

တုပ်ကွေးဗိုင်းရပ်စ် ဗက်တာအခြေပြုကာကွယ်ဆေးက လတ်တလောတွင် ဘေးကင်းပြီး စိတ်ချရသော စမ်းသပ်မှုများအတွက် တိရစ္ဆာန်များဖြင့် စမ်းသပ်လုပ်ဆောင်နေကြောင်းနှင့် ဧပြီလကုန်ပိုင်း၌ လက်တွေ့စမ်းသပ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ လေးချိုင်ကျိက ပြောခဲ့သည်။ပညာရေးဝန်ကြီးဌာနက COVID-19 အတွက် သုတေသန အရှိန်မြှင့်လုပ်ဆောင်ရန် ပီကင်းတက္ကသိုလ်၊ ချင်းဟွာတက္ကသိုလ်နှင့် ရှမန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်များနှင့် ကောလိပ်များ၊ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့များနှင့် ဆက်စပ်လုပ်ငန်းများအား တရုတ်နှစ်သစ်ကူးကာလကတည်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.