Connect with us

CHINA

တရုတ်နိုင်ငံပြည်မကြီး၌ ရောဂါသက်သာပျောက်ကင်း၍ မတ် ၁၈ ရက်တွင် ဆေးရုံဆင်းခွင့်ရသူ ၈၁၉ ဦးရှိ

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်ပြည်သူ့ဆေးရုံ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် ရောဂါပျောက်ကင်းသွားသောလူနာတစ်ဦး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပြည်မကြီး၌ COVID-19 ရောဂါသက်သာပျောက်ကင်း၍ မတ် ၁၈ ရက်တွင် ဆေးရုံဆင်းခွင့်ရသည့် စုစုပေါင်း လူနာအရေအတွက်မှာ ၈၁၉ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

မတ် ၁၈ ရက် ညနေပိုင်းအထိ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်သော လူနာပေါင်းမှာ ၇၀,၄၂၀ ဦးရှိကြောင်း ယနေ့မတ် ၁၉ ရက်တွင် ထုတ်ပြန်သော ကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင်ဖော်ပြထားသည်။တရုတ်နိုင်ငံပြည်မကြီး၌ မတ် ၁၈ ရက်အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၈၀,၉၂၈ ဦးရှိခဲ့ပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၃,၂၄၅ ဦးထိ ရှိခဲ့ကြောင်း သိရသည်။(Xinhua)