Connect with us

CHINA

COVID-19 ကြောင့် သေဆုံးခဲ့သူများအတွက် နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ အခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားခေါင်းဆောင်များ တက်ရောက်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင်ရင်ပြင်တွင် နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်တင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဦးဆောင်သော အခြား တရုတ်နိုင်ငံမှ ခေါင်းဆောင်များသည် ဧပြီ ၄ ရက်တွင် ပြုလုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြောင့် သေဆုံးသွားသူများအတွက် ပြုလုပ်သော နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းဖွယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှီ၊ လီခဲ့ချန်၊ လိကျန့်ဆူး၊ ဝမ်းယန်၊ ဝမ်ဟူနင်း၊ ချောင်းလဲ့ကျိ၊ ဟန့်ကျိန်းနှင့် ဝမ်ချီစန်းတို့သည် ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီအချိန်တွင် ပေကျင်းမြို့ရှိ ကျုံးနန်ဟိုင် ခေါင်းဆောင်များရုံးစိုက်ရာနေရာတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေခဲ့ကြသည်။ ၎င်းအခမ်းအနားအား အချိန်သုံးမိနစ်ကြာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခေါင်းဆောင်များသည် ရင်ဘတ်ပေါ်တွင် အဖြူရောင်ပန်းပွင့်များကပ်ထားပြီး နိုင်ငံတော်အလံ၏ရှေ့တွင် တိတ်ဆိတ်စွာ ဂုဏ်ပြုခဲ့ကြသည်။  (Xinhua)