Connect with us

CHINA

တရုတ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူများအတွက် ဧပြီ ၄ ရက်၌ ဝမ်းနည်းခြင်းနေ့ ပြုလုပ်မည်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟောဆန်ဆန်းဆေးရုံတွင် ဆေးဝန်ထမ်းများက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လူနာများအား သီးခြားကုသရေးဆောင်သို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှု တိုက်ဖျက်ရေးတွင် အသက်ပေးခဲ့ရသော အာဇာနည်များနှင့် ၎င်းရောဂါကြောင့် သေဆုံးခဲ့သည့် ပြည်သူများအတွက် ဧပြီ ၄ ရက်ကို နိုင်ငံအဆင့် ကြေကွဲဝမ်းနည်းဖွယ်ရာနေ့အဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီအရ သိရသည်။

အဆိုပါ အခမ်းအနားအတွင်း တရုတ်နိုင်ငံတစ်ဝန်း၊ ပြည်ပရှိ တရုတ်နိုင်ငံ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများအားလုံးတွင် နိုင်ငံတော်အလံ တစ်ဝက်လွှင့်တင်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အများပြည်သူဆိုင်ရာ အပန်းဖြေလှုပ်ရှားမှုများကို ဆိုင်းငံ့ထားမည် ဖြစ်သည်။

ဧပြီ ၄ ရက် နံနက် ၁၀:၀၀ နာရီအချိန်၌ ရောဂါကြောင့် သေဆုံးသွားသူများအတွက် ကြေကွဲဝမ်းနည်းမှုကိုပြသသည့်အနေဖြင့် အချက်ပေးဥဩဆွဲခြင်းနှင့် မော်တော်ကားများ၊ ရထားများနှင့် သင်္ဘောများမှ ဟွန်းသံတီးခြင်း ပြုလုပ်စဉ် နိုင်ငံတစ်ဝန်းရှိ ပြည်သူများကလည်း အချိန် သုံးမိနစ်ခန့် ငြိမ်သက်စွာနေကြရမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)