Connect with us

CHINA

ဗီယက်နမ်နိုင်ငံ တွင် COVID-19 ဖြစ်ပွားသူ ၂၆၂ ဦး အထိ ရှိလာ

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Vinh Phuc ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်နာလန်ထလာသောလူနာက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆရာဝန်အား ဂုဏ်ပြု ပန်းစည်းပေးစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) 

ဗီယက်နမ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံတိုးခဲ့ပြီး ယခုအခါ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၂၆၂ ဦးထိ ရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၃ ရက် နံနက် တွင် ထုတ်ပြန်ခဲ့သည်။ 

သတင်းများအရ ဗိုင်းရပ်ပိုး ထပ်မံကူးစက်ခံရသူနှစ်ဦးမှာဟနွိုင်းမြို့တော် အစွန်ပိုင်းရှိ Ha Loi ကျေးရွာတွင်နေထိုင်သော အသက် ၆၀ နှစ်အရွယ် ကုန်စုံဆိုင်ရောင်းချသူတစ်ဦးနှင့် အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးနှင့် ဆက်စပ်မှုရှိသော အဆိုပါကျေးရွာမှ ရွာသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အတည်ပြုခဲ့သည့် ဧပြီ ၈ ရက်မှစတင်ကာ  သူတို့နှစ်ဦးကိုလည်း သီးခြားစောင့်ကြည့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် သံသယလူနာပေါင်း ၂,၂၆၄ ဦးရှိပြီး လူပေါင်း ၇၂,၀၀၀ ကျော် ကို စောင့်ကြပ်ကြည့်ရှုမှုနှင့် သီးသန့်ခွဲခြား နေထိုင်မှုများ ပြုလုပ်ထားကြောင်း ၊ လက်ရှိအချိန်ထိ  ပြန်လည်ကောင်းမွန်လာသူ ၁၄၄ ဦးရှိကြောင်း နှင့် COVID-19 ကြောင့် သေဆုံးသူမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာ န ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)