Connect with us

CHINA

တရုတ်နိုင်ငံ ပြည်မကြီး၌ ပြင်ပမှ ဝင်ရောက်လာသော COVID-19 လူနာသစ် ၉၈ ဦး စစ်ဆေးတွေ့ရှိ 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်း ပြည်နယ်အတွင်း ယာယီဆေးရုံ ဆောက်လုပ်နေမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီး၌ ဧပြီ ၁၂ ရက်တွင် ပြင်ပမှ ဝင်ရောက်လာသော နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုး ရှိသူ လူနာသစ် ၉၈ ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံပြင်ပမှ ဝင်ရောက်လာသော COVID-19 လူနာ အရေအတွက် ၁,၃၇၈ ဦးထိ ရှိလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။  

ပြည်မကြီး၌ ဧပြီ ၁၂ ရက်တွင် သံသယလူနာသစ် ၆ ဦးကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ပြည်ပမှ ဝင်ရောက်လာခဲ့ကြသူများဖြစ်ကြောင်း ကော်မရှင်၏ နေ့စဉ်ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။ 

အဆိုပါ ပြည်ပမှ ဝင်ရောက်လာသော COVID-19 လူနာများအနက် ၅၁၁ ဦးမှာ ရောဂါ ပြန်လည်သက်သာလာခဲ့ပြီးနောက် ဆေးရုံများမှ အသီးသီးဆင်းသွားခဲ့ကြပြီ ဖြစ်ကြောင်း နှင့် ၈၆၇ ဦးမှာ ဆေးရုံများ၌ ကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း ၊ ယင်းတို့အနက် ၃၈ ဦးမှာ ရောဂါ ပြင်းထန်ကြောင်း ကော်မရှင်ထံမှ သိရသည်။ပြည်ပမှ ဝင်ရောက်လာသော COVID-19 လူနာများတွင် သေဆုံးသူ တစ်ဦးမျှ မရှိကြောင်း သိရသည်။ (Xinhua)