Connect with us

CHINA

ဝူဟန့်မြို့က COVID-19 တိုက်ပွဲတွင် တရုတ်နိုင်ငံမှ ပြည်သူ ၁.၄ ဘီလီယံ၏ ထောက်ပံ့မှု ရရှိ

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခု “ရောဂါတိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံး တစ်သားတည်းဖြစ်ခြင်း” (ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်နှင့် ပြည်နယ်မြို့တော် ဝူဟန့်တို့သည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ အားပေးထောက်ပံ့မှုကို ရရှှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ မာရှောင်းဝေက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ဟူပေပြည်နယ်နှင့် ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး တိုက်ပွဲ၌ ကူညီရန် နိုင်ငံတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာပညာရှင်များအား ဆော်ဩစည်းရုံးခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့၊ ဝူချန်းခရိုင်ရှိ ယာယီဆေးရုံတစ်ခုအား မတ် ၁၀ ရက်က ပိတ်သိမ်းသည့် အခမ်းအနား၌ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ဟူပေပြည်နယ်တွင် ဧပြီ ၂၄ ရက်၌ ရောဂါပြင်းထန်သော COVID-19 လူနာအရေအတွက်မှာ သုညအထိ ကျဆင်းသွားပြီး ဝူဟန့်မြို့တွင် ဆေးရုံတက်ရသည့် COVID-19 လူနာအရေအတွက်မှာလည်း ဧပြီ ၂၆ ရက်၌ လုံးဝမရှိတော့ဘဲ ဟူပေပြည်နယ်နှင့် ဝူဟန့်မြို့တွင် COVID-19 တိုက်ဖျက်ရာ၌ အရေးပါသော အောင်မြင်မှုတစ်ခု လုပ်ဆောင်နိုင်ခဲ့ကြောင်း မာက ဆိုသည်။ 

ဟူပေပြည်နယ်ကို ကူညီရန် ပြည်နယ်အဆင့် ဒေသ ၂၁ ခုမှ ဒေသတစ်ခုလျှင် ဆေးဘက်ဆိုင်ရာပညာရှင် ၁,၀၀၀ ကျော်စီ စေလွှတ်ခဲ့ပြီး ကျန်းဆူးပြည်နယ်၊ ကွမ်တုန်းပြည်နယ်နှင့် လျောင်နင်ပြည်နယ်များမှ ပြည်နယ်တစ်ခုလျှင် ဆေးဘက်ဆိုင်ရာပညာရှင် ၂,၀၀၀ ကျော်စီ စေလွှတ်ခဲ့ကြောင်း မာက ပြောကြားခဲ့သည်။ 

လူ့အသက်များကို ကယ်တင်ရန် ဆေးဘက်ဆိုင်ရာပညာရှင်များ၏ မနားမနေ ကြိုးပမ်းအားထုတ်မှုများအတွက် မာက ချီးကျူးရင်း “ပြည်သူများရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးက ပထမ” ဟူသည်မှာ ဆေးဘက်ဆိုင်ရာပညာရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်၌ ဇွဲကြီးမှုကို ပြန်သရန်လိုအပ်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.