Connect with us

CHINA

ဝူဟန့်မြို့တွင် ဆေးရုံများမှ အသက်ရာကျော်ရှိသော COVID-19 လူနာ ၈ ဦးအနက် ၇ ဦး ဆေးရုံမှဆင်းခွင့်ရ

ရောဂါဖြစ်ပွားမှုပြင်းထန်သော မြို့များကို ဝင်ထွက်ခွင့်ပိတ်ထားခြင်း “သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အထူးစောင့်ရှောက်မှုပေးခြင်း” (ဆင်ဟွာ)

ဝူဟန့်၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သော ဝူဟန့်မြို့ရှိ အသက်ရာကျော်ရှိသော COVID-19 လူနာ  ၈ ဦးအနက် ၇ ဦးသည် ရောဂါသက်သာ၍ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိခဲ့ကြောင်း၊ ၎င်းလူနာများအနက် အသက်အကြီးဆုံးမှာ ၁၀၈ နှစ်ဖြစ်ကြောင်း သိရသည်။

“ဝူဟန့်မြို့တွင် COVID-19 ရောဂါမှ သက်သာပျောက်ကင်းမှုနှုန်းမှာ ၉၄ ရာခိုင်နှုန်းရှိပြီး ယင်းအနက် အသက် ၈၀ နှစ်အထက် ကူးစက်ခံရသူ စုစုပေါင်းတွင် သက်သာပျောက်ကင်းသွားသူနှုန်းမှာ ၇၀ ရာခိုင်နှုန်းနီးပါးရှိခဲ့တယ်။ ဒါက ခက်ခက်ခဲခဲ အောင်မြင်မှုရရှိခဲ့တာပါ” ဟု အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ ကျောင်းယာဟွေ့က ပြောခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးရုံမှ အသက် ၁၀၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဆေးရုံမှ ဆင်းလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကျောင်း၏ အဆိုအရ ဝူဟန့်မြို့တွင် အသက် ၈၀ နှစ်အထက် လူနာအရေအတွက်သည် ၃,၀၀၀ ကျော်ရှိခဲ့ပြီး ယင်းအနက် ၄၀ ရာခိုင်နှုန်းခန့်မှာ ရောဂါပြင်းထန်၍ စိုးရိမ်ရသည့်အခြေအနေတွင် ရှိခဲ့ကြောင်း သိရသည်။

“သက်ကြီးရွယ်အို လူနာ၏ ၉၀ ရာခိုင်နှုန်းကျော်တွင် ရောဂါအခံများရှိပြီး သူတို့ထဲက အချို့ကတော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ရက်ပေါင်း ၅၀ ကနေ ၆၀ ကြာ ဆေးရုံတက်ခဲ့ရတယ်” ဟု ကျောင်းက ဆိုသည်။  (Xinhua)