Connect with us

CHINA

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုသို့ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးခဲ့ 

တရုတ်နိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများကို ဧပြီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

မေ ၃၁ ရက် အထိဆိုပါက COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၂၇ နိုင်ငံအား ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ ၂၉ ဖွဲ့ကို စေလွှတ်ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုသို့လည်း ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီများပေးအပ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများ စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။

မိမိနိုင်ငံ၌ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အခက်အခဲ၊အကြပ်အတည်း ၊ဖိအားကြီးများရှိနေသည့်အခြေအနေမှာပင် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းအတွက် အစွမ်းကုန် လျှင်မြန်စွာ ကူညီပံ့ပိုးပေးခဲ့ကြောင်း စာတမ်းတွင် ဖြည့်စွက်ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အမေရိကန်ဒေါ်လာ သန်း ၅၀  ကူညီပံ့ပိုးပေးခဲ့သလို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ တရုတ်နိုင်ငံတွင် ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူရန်နှင့် သိုလှောင်ရုံတည်ဆောက်ရန်ကိစ္စရပ်များကိုလည်း ညှိုနှိုင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး စည်းလုံးညီညွတ်စွာရင်ဆိုင်ဖြေရှင်းရေး ရန်ပုံငွေ ကောက်ခံမှုကိုလည်း တရုတ်နိုင်ငံက တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးပစ္စည်းသစ်များ ထုတ်လုပ်ရေး၊ မျှတစွာ ရယူအသုံးပြုနိုင်ရေး အဆိုပြုချက်တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ၏ ပြည်ပဆေးကုသရေးအဖွဲ့များကလည်း ၎င်းတို့ ရောက်ရှိရာ နိုင်ငံနှင့်ဒေသများ၌ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံ ဒေသန္တရအစိုးရ၊ ကုမ္ပဏီလုပ်ငန်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများကလည်း နည်းလမ်းအသွယ်သွယ်ဖြင့် နိုင်ငံနှင်ဒေသပေါင်း ၁၅၀ ကျော် ၊ နိုင်ငံတကာအဖွဲ့အစည်းများအား ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းလျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံအစိုးရအနေဖြင့် တရုတ်နိုင်ငံအတွင်းရှိ နိုင်ငံခြားသားများ၏အသက်အိုးအိမ်လုံခြုံရေးနှင့်ကျန်းမာရေးကို အစဉ်အမြဲဂရုစိုက်လျက်ရှိရာ COVID-19 ရောဂါဖြစ်ပွားသော နိုင်ငံခြားသားများအား မိမိနိုင်ငံသားနှင့်တန်းတူ အချိန်မီကုသပေးလျက်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ဆက်လက်ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.