Connect with us

CHINA

ပေကျင်းမြို့တွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုများအားလုံး ကင်းစင်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ရှောင်ထန်းဆန်းဆေးရုံတွင် COVID-19 လူနာများအားလုံး ပျောက်ကင်းသွားပြီဖြစ်၍ လူနာဆောင်အား ရှင်းလင်းနေသည်ကို ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဇွန် ၈ ရက်က COVID-19 ရောဂါဖြစ်ပွားသူ နောက်ဆုံးလူနာ သက်သာလာကာ ဆေးရုံမှဆင်းသွားပြီဖြစ်၍ ပြည်တွင်းကူးစက်မှုအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောကြားလိုက်သည်။

မြို့တော် ပေကျင်းတွင် ရောဂါဖြစ်ပွားကြောင်း အတည်ပြုလူနာများ၊ သံယယလူနာများနှင့် ရောဂါလက္ခဏာမပြသောလူနာများ အသစ်မရှိကြောင်း ပေကျင်းမြူနီစီပယ် ကျန်းမာရေးကော်မရှင်က ပြောခဲ့သည်။ဇွန် ၈ ရက်အထိ ပေကျင်းမြို့တွင် ပြည်တွင်းရောဂါကူးစက်မှု ၄၂၀ ခုနှင့် သေဆုံးသူ ၉ ဦးရှိခဲ့ကြောင်း၊ ပြည်ပမှဝင်ရောက်လာသည့် ရောဂါကူးစက်မှု ၁၇၄ ခုရှိခဲ့ပြီး ဆေးရုံ၌ ကုသမှုခံယူနေသူ တစ်ဦးရှိခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့၌ ၅၄ ရက်ဆက်တိုက် ပြည်တွင်း၌ ရောဂါကူစက်မှုအသစ်မရှိတော့ကြောင်း သိရသည်။ ပေကျင်းမြို့တစ်ခွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အရေးပေါ်တုံ့ပြန်ရေးကို ဇွန် ၆ ရက်မှစတင်၍ တတိယအဆင့်မှ ဒုတိယအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။  (Xinhua)