Connect with us

CHINA

တရုတ်နိုင်ငံတွင် nucleic acid စစ်ဆေးမှု နေ့စဉ် ၃ သန်းအထိ စစ်ဆေးပေးနိုင်

တရုတ်နိုင်ငံ ပေကျင်းမြို့ Haidian ခရိုင်၊ ရပ်ကွက်တစ်ခုရှိ nucleic acid စစ်ဆေးပေးသောနေရာတွင် ဒေသခံတစ်ဦးထံမှ အာခေါင်တို့ဖတ်ရယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လက်ရှိ COVID-19 ရောဂါအတွက် nucleic acid စစ်ဆေးမှုကို နေ့စဉ် အရေအတွက် ၃.၇၈ သန်းအထိ စစ်ဆေးပေးနိုင်ပြီး မတ်လကထက် ၂၀၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများက ဇွန် ၂၂ ရက်အထိ COVID-19 အတွက် nucleic acid စစ်ဆေးမှု စုစုပေါင်း ၉၀.၄၁ သန်း ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် တာဝန်ရှိသူ ကောယန်ဟုန်က ပြောခဲ့သည်။ Nucleic acid စစ်ဆေးရန် သတ်မှတ်ထားသောစင်တာ အရေအတွက်သည်လည်း မတ်လအစောပိုင်းက ၂,၀၈၁ ခုရှိရာမှ လက်ရှိတွင် ၄,၈၀၄ ခုအထိ ရှိလာခဲ့ပြီး ၁၃၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ nucleic acid စစ်ဆေးမှုတွင်လည်း ရောဂါစစ်ဆေးရေးနည်းပညာရှင် အရေအတွက် ၂၈,၅၀၀ ဦးရှိကြောင်း ကောက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.