Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးအသစ်တစ်မျိုးကို လူသားတွင် စမ်းသပ်မှုပြုလုပ်ရန် ခွင့်ပြုချက်ရရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group (Sinopharm) ၏ ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် COVID-19 inactivated ကာကွယ်ဆေး နမူနာထုတ်လုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အာဏာပိုင်များက COVID-19 ကာကွယ်ဆေးအသစ်တစ်မျိုးကို လူသာများတွင် စမ်းသပ်မှုများပြုလုပ်ရန် ခွင့်ပြုပေးလိုက်ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီလက်အောက်ရှိ အဏုဇီဝဗေဒတက္ကသိုလ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

ပရိုတိန်းများ ပြန်လည်ပေါင်းစပ်ထားသော ကာကွယ်ဆေးအား အမျိုးသား ဆေးဝါးထုတ်ကုန်များဦးစီးဌာနမှ လက်တွေ့စမ်းသပ်မှု သုတေသနပြုရန် ဇွန် ၁၉ ရက်က ခွင့်ပြုခဲ့ကြောင်း အဆိုပါ ကာကွယ်ဆေးကို အဓိက ဖော်ထုတ်သူ အဏုဇီဝဗေဒတက္ကသိုလ်က ပြောခဲ့သည်။ 

အဆိုပါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့် ၁ ကို ချုံချင့်မြို့နှင့် ပေကျင်းမြို့ရှိ ဆေးရုံများ၌ စတင်သွားမည် ဖြစ်ပြီး ကာကွယ်ဆေးကို လူသားများတွင် အသုံးပြုရန် စိတ်ချရမှု ရှိမရှိကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ကာကွယ်ဆေး ပူးတွဲဖော်ထုတ်သူ Anhui Zhifei Longcom Biopharmaceutial ကုမ္ပဏီလီမိတက်က အတည်ပြုပြောကြားခဲ့သည်။ 

ယခုကာကွယ်ဆေးသည် တရုတ်နိုင်ငံ သုတေသီများမှ ထုတ်လုပ်ပြီး လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသည့် တတိယမြောက် COVID-19 ကာကွယ်ဆေးလည်း ဖြစ်သည်။ တရုတ်နိုင်ငံရှိ Adenovirus ကာကွယ်ဆေးတစ်မျိုးနှင့် Inactivated ကာကွယ်ဆေး လေးမျိုးကို လူသားများတွင် စမ်းသပ်ရန် ခွင့်ပြုချက် ရရှိထားခဲ့ပြီးဖြစ်သလို အချို့မှာ စမ်းသပ်မှု အဆင့် ၂ ကိုရှင်းရှင်းလင်းလင်း လုပ်ဆောင်နေ‌ ပြီဖြစ်ကြောင်းလည်း သိရသည်။  (Xinhua)