Connect with us

CHINA

တရုတ်နိုင်ငံယူနန်ပြည်နယ် ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် Nucleic acid နမူနာပေါင်း ၆ သောင်းကျော် ရယူထားပြီးဖြစ်

တရုတ်နိုင်ငံယူနန်ပြည်နယ် ရွှေလီမြို့ ရှင်းအန်းတွင် Nucleic acidဆေးစစ်မှုများပြုလုပ်နေသည့်ကိုစက်တင်ဘာ ၁၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံယူနန်ပြည်နယ် ရွှေလီမြို့တွင် စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီမိနစ် ၃၀ မှစ၍ မြို့နေပြည်သူများအားလုံးကိုကိုရိုနာဗိုင်းရပ်စ်စစ်ဆေးပေးရန် Nucleic acid နမူနာယူသည့် လုပ်ငန်းစတင်လိုက်ပြီဖြစ်ကြောင်း ၊ ယင်းနေ့တွင်ပင် Nucleic acid နမူနာ ၆ သောင်းကျော် ရယူပြီးဖြစ်ကြောင်းယူနန်ပြည်နယ် ရွှေလီမြို့၌ ယင်းနေ့ ညနက်ပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ 

မြို့နေပြည်သူအားလုံးကို ဆေးစစ်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုအစိုးရမှ တာဝန်ယူကျခံပေးမည်ဖြစ်ကြောင်း ရွှေလီမြို့ကစက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။ သက်ဆိုင်ရာဘက်ပေါင်းစုံ၏ အားဖြည့်ထောက်ခံ့မှုဖြင့် ရွှေလီမြို့တွင် လူအင်အား ၈၀၀ ပါဝင်သောဆေးအဖွဲ့ ၂၆၀ ဖွဲ့သည် Nucleic acidစစ်ဆေးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် ရွှေလီမြို့ ရှင်းအန်းတွင် Nucleic acidဆေးစစ်မှုများပြုလုပ်နေသည့်ကိုစက်တင်ဘာ ၁၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တက်ဟုန်းပြည်နယ်ခွဲကော်မတီအမြဲတမ်းကော်မတီ၊ ရွှေလီမြို့ကော်မတီအတွင်းရေးမှူးကုန်ယွမ်ကျွင်း၏ မိတ်ဆက်ပြောကြားချက်အရလက်ရှိ ရွှေလီမြို့တွင်း Nucleic acidနမူနာရယူရေးစခန်း ၂၅၆ ခုဖြန့်ကျက်ထားရာ ၎င်းတို့အနက် စခန်း ၁၈၃ ခုသည် Nucleic acidနမူနာစတင် ရယူနေပြီဖြစ်ရာနမူနာပေါင်း ၆ သောင်းကျော် ရယူထားပြီဖြစ်ကြောင်း ၊ ကျန် စခန်းများတွင် လုပ်ငန်းများကိုအလျင်မီအရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 

ရွှေလီမြို့ Nucleic acidနမူနာရယူရေးစခန်းတစ်ခုတွင် ဆေးဝန်ထမ်းနှစ်ဦး၊ နမူနာယူရရာတွင် ပြည်သူအများစနစ်တကျရှိစေရန် ကူညီစီစဉ်ဆောင်ရွက်ပေးသူ ၃ ဦးထားရှိထားရာမြို့နေပြည်သူများကစနစ်တကျ တန်းစီး၍ ဆေးစစ်ရန်လာရောက်လျက်ရှိကြောင်းသိရသည်။ 

အချိန်တိုအတွင်းမြို့နေပြည်သူများအားလုံးကိုNucleic acidနမူနာရယူဆေးစစ်ပေးရာတွင် ရောယှက် ကူးစက်မှုများမဖြစ်အောင် မည်သို့ဆောင်ရွက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ ရွှေလီမြို့ ကျန်းမာရေးဌာနဌာနမှူးရောင်ယွဲ့ယွန်းကNucleic acidနမူနာရယူရန် ဆောင်ရွက်နေသည့် ဝန်ထမ်းများအားလုံးကိုစနစ်တကျ လေ့ကျင့်သင်ကြားစိစစ်ပြီဖြစ်ရာသတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာတာဝန်ထမ်းဆောင်စေကြောင်းနှင့် ရောယှက်ကူးစက်မှုများမဖြစ်အောင် သက်ဆိုင်ရာနည်းပညာသက်မှတ်ချက်များကိုတိကျတင်းကြပ်စွာဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။ တစ်ချိန်တည်းမှာပင် Nucleic acidနမူနာရယူသည့်စခန်းနေရာတွင် စနစ်တကျရှိစေရန် ၊ လာရောက်ဆေးစစ်မှုခံယူသူများကိုလည်းရောဂါကာကွယ်ရေးနည်းလမ်းများကာကွယ်မှုပေးထားပြီးမြေလွတ်လေဝင်လေထွက်ကောင်းသည့်နေရာဖြစ်ရာရောယှက်ကူးစက်နိုင်သည့် အန္တရာယ်ကိုထိရောက်စွာ လျှော့ချထားနိုင်ကြောင်းဆိုသည်။ (Xinhua)