CHINA
တရုတ်နိုင်ငံ ချင်းသောင်မြို့ အဓိက နေရာ ၅ ခု၏ Nucleic acid ဓါတ်ခွဲဆေးစစ်မှု ပြီးစီးတော့မည်ဟုဆို

ချင်းသောင်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းသောင်မြို့၌ အောက်တိုဘာ ၁၄ ရက် ၁၈:၀၀ နာရီ အထိ မြို့၏အဓိက နေရာ ၅ ခု ဖြစ်သည့် မြို့တောင်ပိုင်း၊မြောက်ပိုင်း ၊ လီချန်း၊ လောင်ဆန်း၊ ချန်ယန် ဒေသများတွင် Nucleic acidဓါတ်ခွဲဆေးစစ်မှု ၃.၄၁ သန်းခန့် ပြီးစီးခဲ့ပြီဖြစ်ရာ အောက်တိုဘာ ၁၄ ရက် ၂၄:၀၀ နာရီ တွင် ယင်းဒေသများရှိ ချင်းသောင်မြို့ အိမ်ထောင်စုစာရင်းဝင် ၄.၁၅ သန်းနှင့် သွားလာနေထိုင်သူအားလုံး၏ ဆေးစစ် ဓါတ်ခွဲမှု အလုံးစုံပြီးစီးမည် ဖြစ်ကြောင်း ချင်းသောင်မြို့အစိုးရ ပြန်ကြားရေးဌာနက ယင်းနေ့ ညပိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။
ချင်းသောင် တစ်မြို့လုံး လွှမ်းခြုံ Nucleic acid ဆေးစစ်မှု အစီအစဉ်အရ အောက်တိုဘာ ၁၂ ရက်မှစ၍ ၃ ရက်အတွင်း မြို့အဓိကနေရာ ၅ ခုနှင့် ၅ ရက်အတွင်း မြို့ တစ်ခုလုံး လွှမ်းခြုံဆေးစစ်ပေးမှု ဆောင်ရွက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ချင်းသောင်မြို့ မြောက်ပိုင်းတွင် Nucleic acid ဓါတ်ခွဲနမူနာ ရယူနေသည်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းသောင်မြို့ မြောက်ပိုင်းတွင် Nucleic acid ဓါတ်ခွဲနမူနာ ရယူနေသည်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
အောက်တိုဘာ ၁၄ ရက် ၁၈:၀၀ နာရီအထိ ချင်းသောင် တစ်မြို့လုံးတွင် Nucleic acid ဓါတ်ခွဲနမူနာ ၈,၈၂၅,၂၃၁ ရယူထားပြီးဖြစ်ပြီ ၅,၄၁၀,၃၈၆ ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ ထုတ်ပြန်ကြေညာထားသည့်အတည်ပြုလူနာ ၁၂ ဦးမှလွဲ၍ ကူးစက်မှုအသစ် မတွေ့ရှိရကြောင်း သိရသည်။
ချင်းသောင်မြို့တစ်ခုလုံးလွှမ်းခြုံ၍ လူပေါင်း ၁၁ သန်းအား ဆေးစစ်ပေးမှုကို ၁၆ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)