INTERNATIONAL ORGANIZATION
တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၂ သောင်း ကျော် ရှိဟု WHO ပြောကြား

ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၇ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ သည် ပြီးခဲ့သောရက်ကထက် ၃,၆၃၃ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၂၁,၁၁၄ ဦး ရှိပြီဖြစ် ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ ၇၈ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၄၁၃ ဦး ရှိပြီဖြစ်ကြောင်း သိရ သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ထက် ၃,၇၃၅ ဦး ထပ်တိုးလာရာ စုစုပေါင်း ၁၀၁,၉၂၇ ဦးရှိပြီး ထပ်တိုးသေဆုံးသူ ၁၀၆ ဦး ၊ စုစုပေါင်း သေဆုံးသူ ၃,၄၈၆ ဦး ရှိကြောင်း သိရသည်။ကိုလံဘီယာ ၊ ပီရူး ၊ တိုဂို၊ ဗာတီကန်စီးတီး နိုင်ငံများတွင်လည်း ပထမဆုံး အတည်ပြုလူနာ တွေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။ (Xinhua)