Connect with us

INTERNATIONAL ORGANIZATION

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်အသုံးချခြင်းက မီးနှင့်ကစားခြင်းသာဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရုံးချုပ် အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်မလုပ်ရန်၊ ပြည်တွင်း၌ လည်းကောင်း၊ နိုင်ငံအသီးသီး၌လည်းကောင်း စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို အတူလက်တွဲတိုက်ဖျက်သင့်ကြောင်း ကမ္ဘာ့ ကျန်မာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဧပြီ ၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား ပြစ်တင်ပြောဆိုခဲ့ပြီး အဖွဲ့ဝင်ကြေးပေးသွင်းမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ပြောဆိုချက်အပေါ် တက်ဒရော့စ်က  ကမ္ဘာ့ ကျန်မာရေးအဖွဲ့(WHO)၏ ဧပြီ ၈ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကပ်ရောဂါကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချတာဟာ မီးနဲ့ကစားတာပါ။ ဒီလို ကပ်ရောဂါကို နိုင်ငံရေးအသွင် ပြောင်းနေတဲ့လုပ်ရပ်ကို quarantine လုပ်သင့်တယ်။ ကျွန်တော်တို့မှာ အပြန်အလှန် အပြစ်တင်ပြောဆိုပြီး အချိန်ကုန်မခံသင့်ဘူး။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး နဲ့ ကပ်ရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်သွားသင့်တယ်။”ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့်အနေဖြင့် ပါတီ၊ယုံကြည်ကိုးကွယ်မှု၊ အတွေးအမြင်အသွင်အမျိုးမျိုးကွဲလွဲမှုတွေကို ကျော်လွှားပြီး စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို အတူတိုက်ဖျက်သင့်ကြောင်း တက်ဒရော့စ်က အလေးထား ပြောကြားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံမှာ ပါတီချင်း၊ ဘာသာရေးအဖွဲ့အစည်းချင်း ကွဲလွဲမှုတွေဖြစ်နေမယ်ဆိုရင် ဗိုင်းရပ်စ်က ကျွန်တော်တို့တွေကို အခွင့်ယူ အလစ်ဝင် တိုက်ခိုက်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ၊ G-20အဖွဲ့ဝင်များအကြား ၊ ကမ္ဘာ့နိုင်ငံအသီးသီးများအကြား အမှန်တကယ်စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း ၊ ထိုမှသာ ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည် ဖြစ်ကြောင်း တက်ဒရော့စ်က အလေးနက်ထားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.