Connect with us

INTERNATIONAL ORGANIZATION

WHO၏ ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာပေါ်တွင် COVID-19 ကူးစက် ခံရသူ စုစုပေါင်း ၁,၂၁၀,၉၅၆ ဦး အထိ ရောက်ရှိ 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ဧပြီ ၆ ရက် ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာပေါ်တွင် COVID-19 ကူးစက် ခံရသူ ယခင်နေ့ထက် ၇၇,၂၀၀ ဦး တိုးမြင့် လာခဲ့ရာ စုစုပေါင်း ၁,၂၁၀,၉၅၆ ဦး အထိ ရောက်ရှိ သွားပြီဖြစ်ကြောင်း ၊ သေဆုံးသူမှာလည်း ယခင်နေ့ထက် ၄,၈၁၀ ဦး တိုးမြင့် ခဲ့ရာ စုစုပေါင်း ၆၇,၅၉၄ ဦး အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

WHO ၏ ဧပြီ ၆ ရက် ထုတ်ပြန်ခဲ့သည့် နောက်ဆုံး ကြေညာချက်အရ လက်ရှိတွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁,၁၂၇,၉၅၁ ဦး ရှိကြောင်း သိရှိရသည်။ထုတ်ပြန်ကြေညာချက်အရ မတ် ၆ ရက် တွင် တရုတ် နိုင်ငံ ပြင်ပ ၌ ရောဂါ ကူးစက်ခံရသူ ယခင်နေ့ထက် ၇၇,၁၂၅ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ၁,၁၂၇,၉၅၁ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ သေဆုံးသူ ယခင်နေ့ထက် ၄,၈၀၈ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ၆၄,၂၅၄ ဦး အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)