Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လက်ရှိတွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ပေါင်း တစ်သိန်းခန့် ရှိကြောင် ထုတ်ပြန်ကြေညာ

ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တစ်ဦး က လေယာဉ် ပေါ်တွင် ပိုးသတ်ဆေး ဖြန်းနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မတ်လ ၁၇ ရက် နောက်ဆုံး ထုတ်ပြန်ခဲ့သည့် သတင်း အချက်အလက် အရ တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၉၇,၉၉၆ ဦး ရှိကြောင်း သိရှိခဲ့ရသည်။

WHO ၏ နေ့စဉ် ထုတ်ပြန်သည့် ကပ်ရောဂါ အစီရင်ခံစာ အရ မတ် ၁၇ ရက်  တွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက် ခံရသူ ၁၁,၄၈၇ ဦး တိုးပွား လာခဲ့ပြီး မတ် ၁၇ ရက် တစ်ရက် တည်းတွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ နှင့် ကြောင့် လူပေါင်း ၄၆၂ ဦး သေဆုံး ရာ သေဆုံးသူ စုစုပေါင်း ၄,၁၉၅ ဦး ထိရောက်ရှိ သွားပြီးကြောင်း သိရှိရသည်။

ကမ္ဘာတစ်ဝန်း တွင် မတ်လ ၁၇ ရက် ၌ COVID-19 ရောဂါ ကူးစက် ခံရသူ ၁၁,၅၂၆ ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူပေါင်း ၁၂၉,၁၁၂ ဦး ရှိခဲ့ကြောင်း ၊ မတ်လ ၁၇ ရက် တွင် COVID-19 ရောဂါ နှင့် ဆက်စပ် ၍ သေဆုံးသူ ၄၇၅ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇,၄၂၆ ဦး ရှိကြောင်း သိရှိရသည်။မတ်လ ၁၇ ရက် ၌ ဘီနင် ၊ လိုက်ဘေးရီးယား ၊ တန်ဇန်းနီးယား ၊ ဘဟားမား နှင့် ဆိုမာလီ စသော နိုင်ငံပေါင်း ၈ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ စတင် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)