Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ် က COVID-19 ရောဂါ ကြောင့် ပြိုင်ပွဲများ အားလုံး ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ

ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ် logo အား မြင်တွေ့ရစဉ်(ဓာတ်ပုံ- ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ်)

ကွာလာလမ်ပူ ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ် က COVID-19 ရောဂါ ပိုမို ပျံ့နှံ့လာသည့် အခြေအနေကြောင့် မတ်လ ၁၆ ရက် မှ ဧပြီလ ၁၂ ရက် အထိ ကမ္ဘာ့လှည့် ကြက်တောင်ပွဲစဉ်များ နှင့် အဖွဲ့ချုပ် လက်အောက်တွင် ကျင်းပ ပြုလုပ်သည့် ပွဲစဉ်များ အားလုံ ကို ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မတ်လ ၁၄ ရက် နံနက်ပိုင်း အချိန်တွင်  ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် COVID-19 ရောဂါ က ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ပျံ့နှံ့လာ ခဲ့ပြီး အဖွဲ့ချုပ် အနေဖြင့် ဦးစီးဆောင်ရွက်ပေးသည့် အဖွဲ့အစည်း များနှင့် ညှိနှိုင်းခဲ့ပြီးနောက် ခရီးသွားရန် ၊ ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်ရန် နှင့် အားကစား သမားများ အပေါ် သက်ရောက်မှုများ အား ထည့်သွင်းစဉ်စား၍ မတ်လ ၁၆ ရက် မှ ဧပြီ ၁၂ ရက် အကြား ကြက်တောင် ပြိုင်ပွဲပွဲစဉ် အားလုံး ကို ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ရပ်ဆိုင်းလိုက်သည့် ပွဲစဉ်များတွင် မတ်လ ၁၇ ရက် မှ ၂၂ ရက် အထိ ဆွစ်ဇာလန် နိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် စူပါ ၃၀၀ အဆင့် ကမ္ဘာလှည့် ကြက်တောင် ပြိုင်ပွဲ ၊ မတ်လ ၂၄ ရက် မှ ၂၉ ရက် အထိ အိန္ဒိယ နိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် စူပါ ၅၀၀ အဆင့် ကမ္ဘာလှည့် ကြက်တောင်ပြိုင်ပွဲ ၊ မတ်လ ၃၁ ရက် မှ ဧပြီ ၅ ရက် အထိ မလေးရှား နိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် စူပါ ၇၅၀ အဆင့် ကမ္ဘာလှည့် ကြက်တောင်ပြိုင်ပွဲ နှင့် ဧပြီ ၄ ရက် မှ ၁၂ ရက် အထိ စင်ကာပူ နိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် စူပါ ၅၀၀ အဆင့် ကမ္ဘာလှည့် ကြက်တောင်ပြိုင်ပွဲ တို့ ဖြစ်ကြကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် ပြိုင်ပွဲများအား ရပ်ဆိုင်းသည့် ဆုံးဖြတ်ချက် က All England Open Badminton Championships ပွဲစဉ် ပြီးဆုံးသည့် မတ်လ ၁၅ တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း ၊ ရပ်ဆိုင်းလိုက်သည့် ပွဲစဉ် အချို့ က တိုကျို အိုလံပစ် ကြက်တောင် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေး အတွက် အမှတ်စုဆောင်းသည့် ပွဲစဉ်များ ဖြစ်သောကြောင့် ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ် အနေဖြင့် အိုလံပစ် အမှတ် သတ်မှတ်ချက် နှင့် ပတ်သက်သည့် သတ်မှတ်ချက် များအား ထပ်မံ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117