ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို အီရန်နိုင်ငံက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။ ဤမဟာဗျူဟာမြောက်လက်နက်ကို အီရန်နိုင်ငံက ကိုယ်တိုင်တီထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး ကီလိုမီတာ ၁,၄၅၀ အတွင်းရှိ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်ကြောင်း အီရန်အစိုးရမီဒီယာများက ဖော်ပြထားသည်။
ဟနွိုင်း ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ ပေးအပ်သည့် Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်အား ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) လူဦးရေထူထပ်သော ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် ခရိုင်လေးခုတွင် COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက...
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များကြီးကြပ်ကွပ်ကဲရေးဌာနက Sinopharm zhongsheng Beijing ၏ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်း တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အသက်...
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ကိုဗစ်လုံးဝကင်းစင်ရေး “ Zero COVID-19 ”သည် ဟောင်ကောင်၏ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေအတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါဖြစ်ပွားမှုသည် ဖေဖော်ဝါရီ ၈ ရက်တွင် သန်း ၄၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
မနီလာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ဖေဖော်ဝါရီ ၇ ရက်က ကိုဗစ်-၁၉ ရောဂါ (COVID-19) ကူးစက်မှုအသစ် ၆,၈၃၅ ဦးရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်းရောဂါဖြစ်ပွားသူ အတည်ပြုလူနာပေါင်း ၃,၆၁၆,၃၈၇ ဦးအထိရောက်ရှိလာပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (DOH) အရ သိရသည်။ ကိုဗစ်-၁၉...
အော့တဝါ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်သည့် အော့တဝါမြို့၌ ကုန်တင်ယာဉ်မောင်းများ၏ ၉ ရက်ကြာ ဆန္ဒပြပွဲအား ထိန်းသိမ်းဆောင်ရွက်ရန် အော့တဝါမြို့တော်ဝန်က ဖေဖော်ဝါရီ ၆ ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (FDA) က တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm ကိုဗစ်-ရောဂါ ကာကွယ်ဆေးများကို အသက် ၆ နှစ်နှင့်အထက် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြောကြားခဲ့သည်။...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူဦးရေ ၅၀၀,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၁၄၉,၃၉၄ ဦးရှိခဲ့သဖြင့် တစ်နိုင်ငံလုံး၌ ဖေဖော်ဝါရီ ၄ ရက်၌ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၁,၉၅၂,၇၁၂ သို့ရောက်ရှိလာြပီဖြစ်ကြောင်း ဖယ်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန...