တရုတ်နိုင်ငံက အဆင့်လျှော့ချထားသည့် COVID-19 ရောဂါတုံ့ပြန်ရေးအစီအမံများနှင့်အညီ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲခြင်း မူဝါဒများနှင့် အစီအမံများအား သင့်လျော်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/C8a ——————————– China to resume passport, visa issuance...
“ကမ္ဘာ့လူ့အဖွဲ့အစည်းအနေဖြင့် COVID-19 ၏ ကြမ်းတမ်းသော သင်ခန်းစာများကို အလေးဂရုပြုပြီး ကပ်ရောဂါကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုနှင့် တုံ့ပြန်မှုတွေမှာ ထင်ရှားသည့်ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်ကြရမယ်’’ ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါကြိုတင်ပြင်ဆင်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua) —————————- UN Secretary-General Antonio Guterres speaks at an...
တရုတ်နိုင်ငံသည် ကူးစက်ရောဂါ တုံ့ပြန်ရေးမူဝါဒများဆိုင်ရာ အဓိက ပြောင်းလဲမှုအဖြစ် COVID-19 ရောဂါကို အေ အဆင့် ကူးစက်တတ်သောရောဂါများအစား ဘီ အဆင့် ကူးစက်တတ်သောရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များဖြင့် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/C6F ……………………………… China to manage COVID-19 with measures...
တရုတ်နိုင်ငံ တာဝန်ရှိသူများက လာမည့် နှစ်သစ်ကူး နှင့် နွေဦးပွဲတော် အားလပ်ရက်များ နှင့် ဆက်စပ်သည့် လုပ်ငန်းများဆိုင်ရာ ကြော်ငြာစာတွင် COVID-19 ရောဂါတုံ့ပြန်ရေး ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှု အဆင့်များ အဆင်ပြေချောမွေ့စွာ ကူးပြောင်းရေး လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ (Xinhua) ……………………………. (English Version) China urges...
တရုတ်နိုင်ငံ၌ ဈေးကွက်အခြေအနေအရ တရားဝင်အသုံးပြုခြင်း သို့မဟုတ် အရေးပေါ်အသုံးပြုခြင်းအတွက် ခွင့်ပြုထားသော COVID-19 ကာကွယ်ဆေး အမျိုးအစား စုစုပေါင်း ၁၃ မျိုးသည် ယခုအခါ ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………………………. (English Version) China has 13 COVID...
တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ဆေးဝါးထုတ်လုပ်သည့်စနစ်များသည် စွမ်းဆောင်ရည်ပြည့် လည်ပတ်ခဲ့ပြီး COVID-19 ရောဂါလက္ခဏာများအတွက် ဆေးဝါးများ၏ ဈေးကွက်ထောက်ပံ့မှု တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/C3O ————————————- InPics: Pharmaceutical production lines run at full capacity in N China’s Tianjin...
တရုတ်နိုင်ငံရှိ ဒေသအများအပြားတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့ရှိရသောကြောင့် ဒေသအစိုးရများသည် ပြင်းထန်သောရောဂါဖြစ်ပွားမှုများအား ကာကွယ်ရန် လျင်မြန်ပြီးတိကျမှန်ကန်သော အစီအမံများအား လုပ်ဆောင်လျက် ရှိကြောင်း နှင့် ကပ်ရောဂါတိုက်ဖျက်ရေး အတားအဆီးအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။ (Xinhua) xhtxs.cn/C3p ——————————– China Focus: Efforts made to...
တရုတ်နိုင်ငံသည် ကပ်ရောဂါအခြေအနေ ပြောင်းလဲမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ပေါင်းစည်း၍ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး အစီအမံများကို ပြုပြင်ကာ တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ (Xinhua) …………………………………….. (English Version) China rolls out a string of modified measures based on...
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဟိုင်တျန့်ခရိုင်တွင် ရှူဆေးအမျိုးအစား COVID-19 ကာကွယ်ဆေး အသုံးပြုသောနေရာ ၁၀ ခု ရှိပြီး ယင်းကာကွယ်ဆေးအမျိုးအစား အရေအတွက် တိုးမြှင့်ခြင်းဖြင့် အများပြည်သူအတွက် အားဖြည့်ကာကွယ်ဆေးထိုးနှံမှုကို တည်ငြိမ်စွာမြှင့်တင်လျက်ရှိကြောင်း သိရသည်။ (Xinhua) ……………………………… (English Version) Beijing sees more sites providing...
အမေရိကန်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူပေါင်း သန်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua) ———————- #BREAKING: U.S. #COVID19 cases surpass 100 million, according to Johns Hopkins University