WORLD
ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း လူနာသစ် ၄၀၀ ကျော် တိုးလာ ၊ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်အတွင်း ကူးစက်မှုများ ရှိ

ပေကျင်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၄ ရက် ၂၂ နာရီအထိ တစ်ရက်အတွင်း လူနာသစ် ၄၀၁ ဦး နှင့် သေဆုံးသူ ၁ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၈၅,၈၅၁ ဦး နှင့် စုစုပေါင်းသေဆုံးသူ ၁,၆၀၀ဦး ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း NHK သတင်းဌာန၏ အချက်အလက်များအရ သိရသည်။
ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်တွင် တပ်ဖွဲ့ဝင် ၂၇ ဦး ကိုဗစ်ရောဂါကူးစက်ခံရကြောင်း Yomiuri Shimbun ဝဘ်ဆိုက်၏ အောက်တိုဘာ ၄ ရက် သတင်းများအရ သိရသည်။ အဆိုပါတပ်ဖွဲ့ဝင်များက စီရင်စု ၁၆ ခုရှိ ကိုယ်ပိုင်ကာကွယ်ရေးတပ်စခန်းများက ဖြစ်ကြောင်း၊ ဇူလိုင်မှ စက်တင်ဘာလတွင် Asaka စခန်း၌ လေ့ကျင့်ရေးသင်တန်းသွားပြီးအပြန်တွင် ရောဂါဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်းများအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
Jiji Pressသတင်းဌာန၏ အောက်တိုဘာ ၄ ရက်သတင်းများအရ လာမည့်နှစ် နွေရာသီ တိုကျို အိုလံပစ် အားကစားပွဲတွင် နိုင်ငံခြားခရီးသွားများ ပြည်ဝင်ခွင့်ဆိုင်ရာ အရေးကိစ္စအား ဂျပန်နိုင်ငံ အစိုးရက စတင် လေ့လာဆောင်ရွက်နေပြီဖြစ်ရာ Fever Clinic ၊မိုဘိုင်း Appစသည့် တင်းကြပ်သည့် ကျန်းမာရေးစီမံခန့်ခွဲမှုနည်းလမ်းများ ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရသည်။ အိုလံပစ်ကာလတွင် ဂျပန်သို့ သွားရောက်မည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ပြည်ဝင်ခွင့် ဗီဇာလျှောက်သည့်အခါ ကျန်းမာရေး မိုဘိုင်းApp အသုံးပြုရန်လိုအပ်မည် ဖြစ်ပြီး ကိုဗစ်ကင်းစင် ဆေးစစ်ချက်ပြရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့မြင်ကွင်းများအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ဂျပန်နိုင်ငံတွင် ရောဂါသက်သာပျောက်ကင်းသွားသူ အတည်ပြုလူနာ သို့မဟုတ် သီးခြားခွဲထားစောင့်ကြည့်မှု ဖြေလျှော့လိုက်သူ ၇၈,၃၁၅ ဦးရှိပြီး ရောဂါပြင်းထန်သူ ၁၃၃ ဦး ရှိကြောင်း ၊ polymerase chain reaction (PCR)စစ်ဆေးပြီးသူ စုစုပေါင်း ၂.၁၆၆ သန်း ရှိကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၄ ရက် အချက်အလက်များအရ သိရသည်။(Xinhua)