Connect with us

WORLD

သမ္မတထရမ့်က “ပို၍နေကောင်းလာပြီး လာမည့်ရက်များတွင် စမ်းသပ်မှုအမှန်တကယ်ဖြစ်လာမည်” ဟု ပြောကြား

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania အား အိမ်ဖြူတော်မှမထွက်ခွာမီ ဩဂုတ် ၂၉ ရက်က အတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ စစ်ဆေးရုံတစ်ခုတွင် COVID-19 ရောဂါအတွက် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် “ ပို၍နေကောင်းလာကြောင်း” အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့ပြီး ၎င်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သတ်၍ လာမည့်ရက်များတွင် “ စမ်းသပ်မှုအမှန်တကယ်ဖြစ်လာမည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

“ ကျနော်ဒီကိုလာခဲ့တုန်းက နေသိပ်မကောင်းပါဘူး။ အခုတော့ ပိုပြီးနေကောင်းလာပါတယ်။ ကျွန်တော်နေပြန်ကောင်းလာဖို့ ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်” ဟု ထရမ့်က လေးမိနစ်စာ ဗီဒီယိုဖိုင်တစ်ခုကို ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ “ ကျွန်တော်မကြာခင်ပြန်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်” ဟူ၍လည်း ဆက်လက်ပြောကြားခဲ့သည်။

“ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို ပြီးတဲ့အထိ လုပ်ဆောင်ဖို့ ကျွန်တော်ရည်မှန်းထားပါတယ်” ဟု သမ္မတဒုတိယသက်တမ်းအတွက် ကြိုးပမ်းနေသည့် ထရမ့်က ဆိုသည်။အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ထရမ့်သည် အပြာရောင်ဂျက်ကက်အနွေးထည် နှင့် ကော်လာတွင် ကြယ်သီးတပ်ထားသော ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ကာ စားပွဲနောက်တွင်ထိုင်နေသည်ကို တွေ့မြင်ရသည်။

“ လာမယ့် ရက်အနည်းငယ်ပြီးတဲ့နောက်မှာ စမ်းသပ်စစ်ဆေးမှုတွေ အမှန်တကယ်ဖြစ်လာမယ်လို့ ကျွန်တော်ခန့်မှန်းထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး “ ဒါကြောင့် လာမယ့်ရက်အနည်းငယ်မှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့” ဟု ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်က COVID-19 ရောဂါကူးစက်ခံထားရပြီးအိမ်ဖြူတော်တွင် သီးခြားခွဲ၍ နေထိုင်ဆေးကုသမှုခံယူနေသော ၎င်း၏ ဇနီး Melania အနေဖြင့် “ သိပ်ကိုနေကောင်းပါတယ် ၊ Melania ဟာ အဲဒါကို ကောင်းစွာ အမှန်တကယ်ကိုင်တွယ်နေတာပါ ၊ အဲဒါက ကျနော့်ကို သိပ်ပြီး စိတ်ချမ်းသာစေပါတယ် ” ဟူ၍လည်း ဆက်လက်ပြောကြားခဲ့သည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံထုတ် COVID-19 ရောဂါကုသရေးဆေးဝါးတစ်ခုဖြစ်သည့် Remdesivir ဆေးကို အသုံးပြု၍ ကုသမှုခံယူသော  မယ်ရီလန်းပြည်နယ် Bethesda ရှိ Walter Reed အမျိုးသား စစ်ဘက်ဆိုင်ရာ ဆေးရုံသို့ အောက်တိုဘာ ၂ ရက်က မပြောင်းရွှေ့မီ COVID-19 ရောဂါ စမ်းသပ်စစ်ဆေးမှုကို ပထမဆုံးခံယူခဲ့ကြောင်း ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ၏ ကျန်းမာရေးနှင့်ပတ်သက်၍ ကျွမ်းဝင်မှုရှိသော သတင်းအရင်းအမြစ်တစ်ဦးက သတင်းထောက်များအား အောက်တိုဘာ ၃ ရက်က ပြောကြားရာတွင် ဆရာဝန်များ၏ ပြောကြားချက်အရ လာမည့် ၄၈ နာရီသည် သမ္မတအတွက် အလွန်အရေးကြီးသော အချိန်အခါဖြစ်ကြောင်း နှင့် သူ့အနေဖြင့် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

“  ပြီးခဲ့တဲ့ ၂၄ နာရီဟာ သမ္မတအတွက် သိပ်ကို စိုးရိမ်စရာကောင်းပါတယ်” ဟု Pool စနစ်ဖြင့် အိမ်ဖြူတော်သတင်းထောက်များ အဖွဲ့ဝင်တစ်ဦး၏ မေးမြန်းအပေါ် အဆိုပါ သတင်းအရင်းအမြစ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ လာမယ့် ၄၈ နာရီဟာ သူ့ရဲ့ကျန်းမာရေးအတွက် သိပ်ကို အရေးကြီးပါတယ် ၊ ပြန်လည်နလံထူဖို့ အတွက် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး” ဟု ဆိုသည်။သမ္မတထရမ့်အနေဖြင့် “ သိပ်ကို နေကောင်းနေပါတယ်” ဟု အောက်တိုဘာ ၃ ရက်က အိမ်ဖြူတော်သမားတော် Sean Conley ၏ မှတ်ချက်စကားထွက်ပေါ်လာပြီးမကြာမီမှာပင် အထက်ပါကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.