Connect with us

WORLD

တရုတ်နိုင်ငံက ပြည်တွင်းရှိ ခရီးသွားဧည့်သည်များဆွဲဆောင်ရာနေရာ ၁၀၀ ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နန်းတော်ပြတိုက်သို့ လာရောက်လည်ပတ်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့် ၊ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ခရီးသွားများဆွဲဆောင်မှုအသင်းနှင့် နိုင်ငံအတွင်း ပန်းဥယျာဉ်ဖော်ဆောင်ရေးနှင့် ူုြလုပ်ငန်းလည်ပတ်ရေး ဦးဆောင်အဖွဲ့ဖြစ်သည့် OCT အုပ်စုလက်အောက်ခံ သုတေသနအဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်းပြီး ခရီးသွားများအတွက်အပျော်ရွှင်ဆုံး ဆွဲဆောင်ရာနေရာ ညွှန်းကိန်းတစ်ခု ကို ဧပြီ ၂၀ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ပေကျင်းရှိ နန်းတော်ပြတိုက် (Palace Museum) သည် ၂၀၁၉ ခုနှစ်အပျော်ရွင်ဆုံးခရီးသွားဆွဲဆောင်ရာနေရာ ၁၀၀ အနက် ထိပ်ဆုံးနေရာတွင် ရှိနေပြီး ယင်းနောက်တွင် Shanghai Disney Resort နှင့် ချန်တူး ပန်ဒါကြီးမျိုးများ မွေးမြူရေး သုတေသန အခြေစိုက်စခန်း တို့က အသီးသီးရပ်တည်လျက်ရှိသည်။

အဆိုပါ ညွှန်းကိန်းသည်  ခရီးသွားနေရာ ၁,၁၈၁ ခု ကိုသွားရောက်လည်ပတ်ခဲ့သည့် ခရီးသွားများ၏ အွန်လိုင်းမှတ်ချက်အပေါ်အခြေခံ ပြုစုထားခြင်းဖြစ်ကြောင်း OCT ၏ သုတေသနအဖွဲ့က ဆိုသည်။သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုခင်းများ၊ ပြတိုက်များ၊ ကျေးလက်ဒေသနှင့် သာယာဖွယ်သဘာဝမြင်ကွင်းများနှင့် ခေတ်မီဖျော်ဖြေရေး အပါအဝင် အမျိုးအစာခွဲများစွာဖြင့် ဖော်ပြထားသည့် ပျော်ရွှင်စရာအကောင်းဆုံး ခရီးသွားဆွဲဆောင်ရာ ထိပ်တန်းနေရာ ၂၀ စာရင်းကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၎င်းညွှန်းကိန်းများသည် ခရီးသွားလုပ်ငန်းလုပ်ဆောင်သူများအတွက်ပိုကောင်းသော ခရီးစဉ်များ ရေးဆွဲရာတွင် အကူအညီဖြစ်စေရန်နှင့် ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများ ချိန်ညှိနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ခရီးသွားဧည့်သည်များအတွက် ခရီးစဉ်ပန်းတိုင် ရွေးချယ်နိုင်ရန် ကိုးကားနိုင်မည်ဖြစ်ကြောင်း OCT ၏ သုတေသနအဖွဲ့က ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.