Connect with us

WORLD

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူ

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှသုတေသနပြုထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး Fahrettin Koca သည် ဇန်နဝါရီ ၁၃ ရက်က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ရာ အဆိုပါ ကာကွယ်ဆေးထိုးနှံနေပုံကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။ ၎င်းနှင့်အတူ တူရကီ ကိုဗစ်ကပ်ရောဂါတုံ့ပြန်ရေး သိပ္ပံကော်မတီမှ အဖွဲ့ဝင်များလည်း ကာကွယ်ဆေးအတူထိုးနှံမှု ခံယူခဲ့သည်။

Fahrettin Koca က တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးသည် ဘေးကင်းကြောင်း၊ တူရကီတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၁၄ ရက်မှစ၍ တရုတ်နိုင်ငံ၏ကာကွယ်ဆေးကို ထိုးနှံပေးမည်ဖြစ်ကြောင်း ယင်းနေ့တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တူရကီ၏ နိုင်ငံရေးနယ်ပယ်မှ အရေးကြီးပုဂ္ဂိုလ်များ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းသည် အများပြည်သူအတွက် စံနမူနာပြုခြင်းဖြစ်ကြောင်း၊ ပုံမှန်လူနေမှုဘဝကို ပြန်လည်ရရှိရန် ကာကွယ်ဆေးထိုးနှံရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး  တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှသုတေသနပြုထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သော COVID-19ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တူရကီ ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာဌာနက ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။ ၎င်းမှာ တူရကီ၏ ပထမဆုံး အရေးပေါ်အသုံးပြုခွင့်ရ COVID-19ကာကွယ်ဆေးဖြစ်သည်။ သိပ္ပံ ကိန်းဂဏန်းအချက်အလက်များကို လေ့လာစိစစ်ခြင်းနှင့် ကာကွယ်ဆေး တူရကီသို့ရောက်ရှိပြီး (၁၄)ရက်ကြာ စမ်းသပ်စိစစ်ချက်များကိုအခြေခံ၍ ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ဝယ်ယူထားသည့် ပထမအသုတ် COVID-19ကာကွယ်ဆေး (၃)သန်း သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်က တူရကီနိုင်ငံ မြို့တော်အန်ကာရာသို့ ရောက်ရှိခဲ့သည်။ တူရကီအစိုးရ၏ အစီအစဉ်အရ ပထမအဆင့်တွင် လူပေါင်း (၉)သန်းကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုကို ခံယူမည့်သူများထဲတွင် ကျန်းမာရေးဝန်ထမ်းအစရှိသည့် ကူးစက်မှုအန္တရာယ်မြင့်မားသူများ ပါဝင်ကြောင်း သိရသည်။

Sinovac COVID-19ကာကွယ်ဆေး ထိုးနှံမှု ခံယူခဲ့သည့် စေတနာ့ဝန်ထမ်းများ၏ အခြေအနေကိန်းဂဏန်းအချက်အလက်များကို ကနဦး လေ့လာရာတွင် ကာကွယ်ဆေး၏ ထိရောက်မှုက (၉၁.၂၅)ရာခိုင်နှုန်းရှိကြောင်း Fahrettin Kocaက ယခင်က ပြောကြားခဲ့သည်။

တူရကီ ကျန်းမာရေးဝန်ကြီးဌာန ဝဘ်ဆိုက်တွင် ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ တူရကီတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၉,၅၅၄) ဦး နှင့် စုစုပေါင်း အတည်ပြုလူနာ (၂,၃၅၅,၈၃၉)ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ (၁၇၃)ဦးနှင့် စုစုပေါင်း သေဆုံးသူ(၂၃,၃၂၅)ဦး၊ ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း(၂,၂၂၇,၉၂၇)ဦး ရှိကြောင်း သိရသည်။(Xinhua)

—————————————
(Chinese Version)

(国际疫情)土耳其卫生部长接种中国新冠疫苗
2021-01-14 04:18:22

  新华社安卡拉1月13日电(记者郑思远 施洋)土耳其卫生部长科贾13日接种中国科兴公司研发的新冠疫苗,并向民众进行了现场电视直播。同时接种中国疫苗的还有土耳其应对新冠疫情科学委员会成员。
  科贾当天在新闻发布会上表示,中国疫苗是安全的,土耳其全国医护工作者将从14日起开始接种中国疫苗。他说,土耳其政要接种疫苗将为民众树立榜样,人们一定要接种疫苗,以恢复正常生活。
土耳其药品和医疗设备局13日发布公告,批准紧急使用中国科兴公司研发的新冠疫苗。这是土耳其批准紧急使用的首款新冠疫苗。公告说,该授权是在进行科学数据分析和疫苗运抵土耳其后经过14天分析检测的基础上通过的。
 土耳其从中国科兴公司订购的首批300万剂新冠疫苗于2020年12月30日运抵土耳其首都安卡拉。根据土耳其政府计划,第一阶段将有900万人接种疫苗,接种对象主要是医护人员等高危人群。
  科贾此前曾表示,对土耳其自愿接种科兴新冠疫苗志愿者数据的初步分析显示,科兴新冠疫苗的有效性达91.25%。
 土耳其卫生部网站13日发布的数据显示,该国过去24小时新增确诊病例9554例,累计确诊2355839例;新增死亡病例173例,累计死亡23325例;累计治愈病例2227927例。(完)

新华社照片,安卡拉,2021年1月13日
(国际疫情)土耳其卫生部长接种中国新冠疫苗
1月13日,土耳其卫生部长科贾(左)在安卡拉接种中国新冠疫苗。
土耳其卫生部长科贾13日接种中国科兴公司研发的新冠疫苗,并向民众进行了现场电视直播。同时接种中国疫苗的还有土耳其应对新冠疫情科学委员会成员。 (新华社发)