Connect with us

WORLD

ရုရှားနိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှု လျော့ကျလာသော်လည်း ပိုမိုဂရုပြုကြရန် သမ္မတ ပူတင် သတိပေး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား အစိုးရအဖွဲ့ဝင်များနှင့် ဗီဒီယိုလင့်မှတစ်ဆင့်ပြုလုပ်သည့် အစည်းအဝေး၌ တွေ့ရစဉ် (ဓာတ်ပုံ- Kremlin photo)

မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် သိသိသာသာ ကျဆင်းနေသော်လည်း စိတ်ချရပြီဟု တွေးဆရန်မသင့်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၃ ရက်၌ သတိပေးပြောကြားခဲ့သည်။

“တစ်ကမ္ဘာလုံးမှာ ကံမကောင်းစွာနဲ့ပဲ မကောင်းတဲ့အကျိုးဆက်တွေအားလုံးကို တားဆီးဖို့နဲ့ ဒီရောဂါကို ထိန်းချုပ်ဟန့်တားဖို့ မဖြစ်နိုင်သေးတာကို ကျွန်တော်တို့ တွေ့မြင်ရတယ်” ဟု ပူတင်က အစိုးရအဖွဲ့ဝင်များနှင့် ဗီဒီယိုမှတစ်ဆင့် ပြုလုပ်သည့် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

သမ္မတ၏ အဆိုအရ ရုရှားနိုင်ငံသည် ဗြိတိန်နိုင်ငံ အပါအဝင် အခြားသောနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် လက်ရှိအခြေအနေကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်းသိရသည်။

လာမည့်ရက်သတ္တပတ်တွင် တစ်နိုင်ငံလုံးရှိ လူအားလုံးအတွက် အမြောက်အမြား ကာကွယ်ဆေးထိုးနှံခြင်းစတင်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းနှင့် ရောဂါကူးစက်ရန်လွယ်ကူသည့် လူအုပ်စုများအနေဖြင့် ဒီဇင်ဘာလ အစောပိုင်းကတည်းက ကာကွယ်ဆေးထိုးနှံခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးတွင် ခရီးသွားလာမှုကန့်သတ်ချက်များကို ယာယီသာလုပ်ဆောင်သွားမည်ဖြစ်ပြီး ရုရှားနိုင်ငံ၏အခြေအနေနှင့် ဗိုင်းရပ်စ်မျိုးကွဲသစ်များ အပါအဝင် ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှုများကို မည်သို့မည်ပုံ တားဆီးကာကွယ်မည်ဆိုသည်ကို အပြည့်အဝနားလည်ရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

ရုရှားနိုင်ငံတွင် ယနေ့အထိ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း၃,၄၇၁,၀၅၃ ဦးရှိခဲ့သလို နေ့စဉ်ရောဂါဖြစ်ပွားမှုဦးရေသည် ၂၃,၀၀၀ ဦးအထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Putin demands vigilance despite easing pandemic in Russia
Source: Xinhua| 2021-01-14 03:02:20|Editor: huaxia
Putin ordered the start of mass vaccinations for the entire population from next week.
MOSCOW, Jan. 13 (Xinhua) — Russian President Vladimir Putin warned on Wednesday that the noticeable downward trend in new coronavirus cases in the country should not be perceived as reassuring.
“We see that in the world as a whole, unfortunately, it is not yet possible to curb this disease and prevent all the negative consequences,” Putin said during his meeting with government members via video link.
According to the president, Russia is observing the current situation with the coronavirus in other countries, including in Britain.
Putin ordered the start of mass vaccinations for the entire population from next week, as people from high-risk groups have been receiving the jab since early December.
Ultimately, travel restrictions will only be temporary measures and it is vital to fully understand the situation in Russia and figure out how to prevent emerging threats, including new strains of the virus, he said.
To date, Russia has registered a total of 3,471,053 COVID-19 cases, with the daily tally dropping to around 23,000. ■
Russian President Vladimir Putin holds a meeting with government members via video link on Jan. 13, 2021. (Kremlin photo)