Connect with us

WORLD

မလေးရှားနိုင်ငံတွင် COVID-19 ရောဂါမြင့်တက်လာသဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာ

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ ပီထရိုနပ်စ် အမွှာမျှော်စင်ရှေ့တွင် ဇန်နဝါရီ ၁၁ ရက်က နှာခေါင်းစည်းတပ်ဆင်လမ်းလျှောက်နေသူအမျိုးသမီးတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အာမတ်ရှန်က ခွင့်ပြုပေးခဲ့ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်မူယီဒင်ယာဆင်(Muhyiddin Yassin)က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မူယီဒင်က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အဆိုပါ အရေးပေါ်အခြေအနေသည် ဩဂုတ် ၁ ရက်နေ့အထိ သို့မဟုတ် COVID-19 အခြေအနေအပေါ်မူတည်၍ ယင်းထက်ဆောလျင်စွာ တည်ရှိနေမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခြင်းဆိုင်ရာ ဘုရင်မင်းမြတ်၏ ခွင့်ပြုမိန့်ကို မလေးရှားဘုရင့်နန်းတော်က သီးခြားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဘုရင်မင်းမြတ်က ပြည်သူများအနေဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြုံတွေ့ချိန် နှင့် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံအတွင်း ဒေသများစွာ၌ ခရီးသွားလာခြင်းကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းအပေါ် တည်ငြိမ်စွာရှိနေကြရန်လည်း အကြံပြုပြောကြားခဲ့သည်။

နိုင်ငံ၏ ကျန်းမာရေးစနစ်သည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီကြောင်း ၊ ထို့ကြောင့် COVID-19 ကပ်ရောဂါထိန်းရန်အတွက် ဇန်နဝါရီ ၁၃ ရက်မှ စတင်ကာ နိုင်ငံအတွင်း ရက်သတ္တပတ် နှစ်ပတ်ကြား တင်းကျပ်သော အသွားအလာကန့်သတ်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မူယီဒင်က ထုတ်ဖော်ကြေညာပြီး တစ်ရက်အကြာတွင် ဘုရင်မင်းမြတ်၏ အမိန့်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၌ စည်းကမ်းတင်းကျပ်မှုပြုလုပ်ထားသော နေရာများထဲတွင် မြို့တော်ကွာလာလမ်ပူ ၊ ပီနန်ပြည်နယ် ၊ ဆီလန်ဂေါ ၊ မာလက္ကာ ၊ ဂျိုဟို နှင့် မြောက်ပိုင်းဘောနီယိုကျွန်းပေါ်ရှိ ဆာဗားပြည်နယ် နှင့် အခြားသော ဒေသများပါဝင်ကြောင်း သိရသည်။

အဆိုပါ တင်းကျပ်သော ပိတ်ပင်မှုအောက်တွင် လူမှုရေးပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပခြင်းကို တားမြစ်ထားပြီး ဒေသခံပြည်သူများအနေဖြင့် မိမိနေအိမ်မှာ ၁၀ ကီလိုမီတာ ပတ်ပတ်လည်အတွင်းသာ သွားလာခွင့်ပြုခြင်း နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုခြင်းတို့ ပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မကြာသေးခင်ရက်သတ္တပတ်များက ပြည်နယ်များစွာ၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကိုစွန့်ခွာခဲ့ရကြောင်း နှင့် COVID-19 အတည်ပြုလူနာသစ် အရေအတွက်မှာလည်း နေ့စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။(Xinhua)
#မလေးရှား,#အရေးပေါ်,#COVID-19,#ဝန်ကြီးချုပ်#ဆင်ဟွာ
#Malaysia, #COVID-19, #emergency , #Prime minister, #Muhyiddin ,#Xinhua

…………………………………………
(English Version)

Malaysia declares state of emergency to contain COVID-19 surge
KUALA LUMPUR, Jan. 12 (Xinhua) — Malaysian Prime Minister Muhyiddin Yassin said on Tuesday that King Sultan Abdullah Sultan Ahmad Shah has consented to declaring a state of emergency in the country to stop the COVID-19 outbreak.
In a televised speech, Muhyiddin said the emergency would last till Aug. 1 or earlier depending on the COVID-19 situation.

Separately, the national palace issued a statement announcing the King’s consent to the proclamation of the state of emergency.
The king also advised the people to remain calm in facing the state of emergency and movement restrictions that have been imposed in parts of the country hard hit by the COVID-19 outbreak.

This comes a day after Muhyiddin announced tightening movement restriction measures to contain the spread of COVID-19 for two weeks starting Jan. 13, citing the country’s health care system being at “breaking point”.
The areas to impose tightened measures include the capital Kuala Lumpur, the states of Penang, Selangor, Melaka, Johor and the northern Borneo state of Sabah, among others.

Under the stricter restrictions, all social events involving mass gathering are banned, residents only allowed to travel within a radius of 10 kilometers, and no dine-in for restaurants.
Malaysia has seen a surge in new daily COVID-19 cases, as well as severe flooding in several states in recent weeks, with thousands being displaced from their homes.■
Photo caption – A woman wearing a face mask walks past the Petronas Twin Towers in Kuala Lumpur, Malaysia, Jan. 11, 2021. (Photo by Chong Voon Chung/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.