Connect with us

WORLD

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရက် လျှော့ချရန်ရှိ

ထိုင်းနိုင်ငံ နာမည်ကျော် ကရာဘိကျွန်းတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရက်ကို ၁၄ ရက်မှ ၁၀ ရက်သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း အောက်တိုဘာ၂၁ ရက်တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ ကြေညာချက်သည် အောက်တိုဘာ ၂၀ ရက်က တရုတ်နိုင်ငံမှ ပထမဆုံး ကမ္ဘာလှည့်ခရီးသွားအဖွဲ့ ရောက်ရှိလာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ပထမဆုံး ကမ္ဘာလှည့်ခရီးသွားအဖွဲ့ ရောက်ရှိလာခြင်းသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ မတ်လက နယ်စပ်များ ပိတ်ထားခဲ့ရချိန်ကတည်းက ထိုင်းနိုင်ငံသို့ ပထမဆုံးနိုင်ငံခြားခရီးသွားဧည့်သည်များ ရောက်ရှိလာခြင်းဖြစ်သည်။

ရှန်ဟိုင်းမှ လာရောက်မည့် ခရီးသွားအဖွဲ့သည် ဘန်ကောက်သို့မလာရောက်မီ COVID-19 စစ်ဆေးမှုခံယူခဲ့ရပြီး  လက်ရှိဥပဒေများအရ ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့်ခံယူရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Anutin Charnvirakul  ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးက အသွားအလာကန့်သတ်စောင့်ကြည့်ရက်ကို ၁၀ ရက်သို့စတင်လျှော့ချရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း Anutin က ဆိုသည်။

“ကျွန်တော်တို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုကို ရှာတွေ့မယ်ဆိုရင်တော့ ကွာရန်တင်းကာလကို ငါးရက်၊ လေးရက်၊ သုံးရက် ဒါမှမဟုတ် လုံးဝ မထားတော့တဲ့အထိ လျှော့ချနိုင်ကောင်း လျှော့ချနိုင်ပါလိမ့်မယ်”
သို့ရာတွင်  COVID-19 ကူးစက်မှုဒုတိယလှိုင်းကို တားဆီးရန်မှာမူ ထိုင်းနိုင်ငံအနေဖြင့် ကျန်းမာသည့် ကမ္ဘာလှည့်ခရီးသွားများကိုသာ ဖိတ်ခေါ်လိုကြောင်း Anutin ကပြောခဲ့သည်။

အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းသည် ထိရောက်မှုရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ငါးလမှ ခြောက်လအတွင်း ကောင်းမွန်သော ရလဒ်များ ရရှိထားပြီးဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.