Connect with us

WORLD

စပိန်နိုင်ငံ၏ COVID-19 ကူးစက်ခံရမှု တစ်သန်းကျော်ရှိလာ

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ကိုလံဘတ်ပလာဇာတွင် နှာခေါင်းတပ်ဆင်ထားသူများကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်တွင် COVID-19 ရောဂါ အသစ်ကူးစက်ခံရသူ ၁၆,၉၇၃ ဦးရှိကြောင်း အတည်ပြုပြီးနောက် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍  စပိန်နိုင်ငံ၏ COVID-19 ကူးစက်ခံရသူ အရေအတွက် တစ်သန်းကျော်သွားပြီဖြစ်ကာ စုစုပေါင်း ၁,၀၀၅,၂၉၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူအနေဖြင့် အောက်တိုဘာ ၂၁ ရက်တွင်  သေဆုံးသူ ၁၅၆ ဦးရှိခဲ့ရာ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၃၄,၃၆၆ ဦးရောက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ ဈေးဝယ်သူများကို စောင့်ဆိုင်းနေသည့် ဈေးသည်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများအတွက် အထိမ်းအမှတ်နေရာကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ၂၄ နာရီဖွင့်လှစ်ထားသော ဈေးဝယ်စင်တာကို ပိတ်နေသည့်ဆိုင်ရှင်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ၂၄ နာရီဖွင့်လှစ်ထားသော ဈေးဝယ်စင်တာ ပိတ်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံသည် ကမ္ဘာတွင် COVID-19 ကူးစက်ခံရသူ ဦးရေ တစ်သန်းကျော်ရှိလာသည့်  နိုင်ငံပေါင်း ခြောက်နိုင်ငံ စာရင်းထဲတွင် ပါဝင်လာခဲ့ပြီး ဥရောပသမဂ္ဂ၌ ကူးစက်ခံရသူ တစ်သန်းကျော်လွန်သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။ 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.