Connect with us

WORLD

ဂျာမနီနိုင်ငံ နေ့စဉ်အသစ်ထပ်တိုးအတည်ပြုလူနာ အရေအတွက် တိုးမြင့်လာ၊ ပြည်သူများအနေဖြင့် လူမှုဘဝ ခပ်ခွာခွာနေကြရန် ဂျာမနီ ဝန်ကြီးချုပ် တိုက်တွန်း

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲလ်အား ဇွန် ၁၇ ရက်က ဘာလင်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ၌ ယခုရက်ပိုင်းများတွင် တစ်ရက်လျှင် အသစ်ထပ်မံကူးစက်ခံရသည့် ကိုဗစ် အတည်ပြုလူနာ အရေအတွက်သည် ၁,၀၀၀ ကျော်ထိ ရှိနေကြောင်း သိရသည်။

ကပ်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြည်သူအများအနေဖြင့် လူမှုဘဝတွင် ခပ်ခွာခွာနေကြရန်  ဂျာမနီ ဩဂုတ် ၁၈ ရက်က ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံး ဖြစ်ပွားနေသည့် North Rhine-Westphalia ပြည်နယ်သို့ သွားရောက် စစ်ဆေးစဉ် ဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲလ်က တိုက်တွန်းပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများ ဆက်လက် ဖြစ်ပွားနေဆဲ အနေအထားတွင်ရှိနေကြောင်း အိန်ဂျယ်လာမာကဲလ်က North Rhine-Westphalia ပြည်နယ်မြို့တော် Dusseldorf ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် သုံးပတ်ကြာကာလတွင် ဂျာမနီ၏ နေ့စဉ်အသစ်ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် အဆမတန် မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ မြင့်တက်ရသည့် အဓိကအကြောင်းအရင်းမှာ လူအသွားအလာများပြားလာခြင်း၊ ထိတွေ့မှုများလာခြင်းကြောင့် ဖြစ်ကြောင်း၊ ကူးစက်မှုအခြေအနေသည် ယခုအခြေအနေမျိုး ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အစိုးရအနေဖြင့် Social distancing ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့ပေးမည် မဟုတ်ကြောင်း အိန်ဂျယ်လာမာကဲလ်က ပြောကြားခဲ့သည်။ 

ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအနေဖြင့် မိမိဘာသာ သီးခြားခွဲနေထိုင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ခံယူကြရန်၊ Social distancing ရှိရန်၊ လူအများရှိသော အလုံပိတ်နေရာများတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် ၎င်းက တိုက်တွန်းနှိုးဆော်ခဲ့သည်။ အများသုံးဘတ်စ်ကားပေါ်တွင် နှာခေါင်းစည်းမတပ်သော ခရီးသည်များကို ဒဏ်ငွေချသည့် နည်းလမ်းကိုလည်း အားပေးကြောင်း ဆိုသည်။ 

ယခုနှစ် မတ်လပိုင်းမှစ၍ ဂျာမနီတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့ခဲ့ရာ အစိုးရက တည်းကြပ်သည့် Social distancing ကန့်သတ်ချက်များကို ကျင့်သုံးခဲ့သည်။ ဧပြီ လကုန်ပိုင်းတွင် ရောဂါအခြေအနေတည်ငြိမ်မှုရှိလာပြီးနောက် ဖြေလျှော့မှု အချို့လုပ်ပေးခဲ့သော်လည်း ဆိုင်များ၊ အများသုံးဘတ်စ်ကားများ စသည့် အလုံပိတ်နေရာများတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန်၊ Social Distance ကို ၁.၅ မီတာထားရှိရန်နှင့် လူစုလူဝေးများသည့်ပွဲကြီးများ မလုပ်ဆောင်ရန် ကန့်သတ်ထားကြောင်း သိရသည်။ 

ဂျာမနီနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန Robert Koch Institute ၏ စာရင်းများအရ လက်ရှိ ဂျာမနီနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ ၂၂၀,၀၀၀ ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် သုံးပတ်ကာလအတွင်း နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၅၀၀ အောက်မှ ၁,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ရာ ကျွမ်းကျင်ပညာရှင်အချို့က ကိုဗစ် ဒုတိယလှိုင်း ဂျာမနီကို ရောက်ရှိလာတော့မည်ဟု ယူဆနေကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.