Connect with us

WORLD

ချီလီနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ  ၃၈၇,၅၀၂ ဦး ၊ သေဆုံးသူ ၁၀,၅၁၃ ဦးရှိ

ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်အမျိုးသားတစ်ဦး လမ်းလျှောက်နေစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ သြဂုတ် ၁၈ (ဆင်ဟွာ)

ချီလီနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း ၃၈၇,၅၀၂ ဦးရှိပြီး သေဆုံးသူ ၁၀,၅၁၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာန၏ အဆိုအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ်ဖြစ်ပွားမှု ၁,၅၅၆ ခု တွေ့ရှိခဲ့ပြီး လူနာ ၆၁ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ရောဂါကူးစက်မှု အသစ်များအနက် ၁,၁၀၂ ဦးတွင် ရောဂါလက္ခဏာများပြသခဲ့ပြီး ၄၈၀ ဦးတွင်မူ ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း၊ ကျန်ရှိသော ၆၄ ဦးမှာ သတင်းအချက်အလက် မရရှိသေးကြောင်း သိရသည်။

COVID-19 ကူးစက်ခံရသူ ၃၆၀,၃၈၅ ဦးမှာ ရောဂါပြန်လည်သက်သာသွားပြီဖြစ်သလို ၁၆,၆၀၄ ဦးမှာ ဆက်လက်ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း ချီလီနိုင်ငံ ကျန်းမာရေးတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

ချီလီနိုင်ငံသည် စစ်တပ်နှင့်ရဲ တပ်ဖွဲ့တို့၏ အကူအညီဖြင့် ညမထွက်ရ အမိန့်များ အပါအဝင် လူချင်းခပ်ခွာခွာနေရသည့်အရေးယူ ဆောင်ရွက်ချက်များနှင့် အသွားအလာကန့်သတ်ချက်များ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အရေးပေါ်ကပ်ဘေးအခြေအနေ ကြေညာထားသည်မှာ လများစွာ ကြာမြင့်ပြီဖြစ်သည်။ 

ချီလီနိုင်ငံတွင် အသွားအလာကန့်သတ်မှုများအောက်တွင် ရောဂါတွေ့ရှိမှုအသစ်များ ဆက်လက် မြင့်မားသည့်နေရာများရှိသော်လည်း အစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးပြန်လည်နိုးထလာနိုင်စေရန် ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်းစတင်ဖြေလျှော့ပေးနေပြီဖြစ်ကြောင်း သိရသည်။  (Xinhua)