Connect with us

WORLD

တရုတ်နိုင်ငံက လှူဒါန်းသော ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ ၃၀၀,၀၀၀ ဆလိုဗေးနီးယားနိုင်ငံသို့ ရောက်ရှိ

ဆလိုဗေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး မာတက် တိုနင်က သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားနေစဉ် (ဆင်ဟွာ)

လူဘယ်လ်ဂျားနား၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဆလိုဗေးနီးယားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ ၃၀၀,၀၀၀ သည် ဘယ်လ်ဂျီယံနိုင်ငံမှတစ်ဆင့် လူဘယ်လ်ဂျားနားမြို့သို့ မတ် ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းမှ လှူဒါန်းသော နှာခေါင်းစည်းများအား ဆလိုဗေးနီးယားနိုင်ငံ ပြည်သူ့ကာကွယ်ရေး စီမံခန့်ခွဲမှုဦးစီးဌာန၏ ဗဟိုဂိုထောင်တွင် လက်ခံခဲ့သည်။

တရုတ်နိုင်ငံမှ လှူဒါန်းသော နှာခေါင်းစည်းများ ဆလိုဗေးနီးယားနိုင်ငံသို့ မတ် ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော နှာခေါင်းစည်းများ ဆလိုဗေးနီးယားနိုင်ငံသို့ မတ် ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော နှာခေါင်းစည်းများ ဆလိုဗေးနီးယားနိုင်ငံသို့ မတ် ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော နှာခေါင်းစည်းများ ဆလိုဗေးနီးယားနိုင်ငံသို့ မတ် ၂၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဆလိုဗေးနီးယားနိုင်ငံအား ကူညီရန် ၎င်း၏မိတ်ဆွေနှင့် အလီဘာဘာ တည်ထောင်သူ ဂျက်မာအား ပြောကြားပေးခဲ့သည့်အတွက် ဥရောပသမဂ္ဂဘောလုံးအသင်း (UEFA) ဥက္ကဋ္ဌ အလက်ဇန်းဒါး ရှပ်ဖရင်း (Alexander Cheferin) ကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံမှ အဆိုပါ ဖောင်ဒေးရှင်းများနှင့် သယ်ယူပို့ဆောင်ပေးသော ကုမ္ပဏီကိုလည်း ကျေးဇူးတင်ကြောင်း ဆလိုဗေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး မာတက် တိုနင် (Matej Tonin) က ပြောကြားခဲ့သည်။

ဆလိုဗေးနီးယားနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရန်  လူစုဝေးခြင်းများနှင့် အများပြည်သူဆိုင်ရာနေရာများတွင် ပွဲပြုလုပ်ခြင်းများကို တားမြစ်ခြင်း၊ လူထုလှုပ်ရှားမှုများကို တင်းကြပ်ခြင်း စသည့် ဆောင်ရွက်ချက်များအား မတ် ၂၀ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

ဆလိုဗေးနီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ မတ် ၂၀ ရက် နေ့လယ် ၂:၀၀ နာရီအထိ ၃၄၁ ဦးရှိပြီး၊ ၅၅ ဦး ဆေးရုံတက်ရောက်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.