Connect with us

WORLD

COVID-19 တိုက်ဖျက်ရေး ကူညီထောက်ပံ့မှုများအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံ သမ္မတ ပြောကြား

ဆိုက်ပရပ်စ်နိုင်ငံ သမ္မတ နီကို့စ် အန်နက်စ်တေးရှားဒီးစ်အား တွေ့ရစဉ် (ဆင်ဟွာ)

နီကိုးဆီးရား၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဆိုက်ပရပ်စ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း ဆိုက်ပရပ်စ် သမ္မတ နီကို့စ် အန်နက်စ်တေးရှားဒီးစ် (Nicos Anastasiades) က ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ပေးအပ်ခြင်း၊ သိပ္ပံနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို မျှဝေပေးခြင်းနဲ့အတူ ထောက်ပံ့မှုပေးတဲ့အတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံအစိုးရနဲ့ ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ဟွမ်ရှင်းယွမ်ကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု အန်နက်စ်တေးရှားဒီးစ်က ၎င်း၏ တွစ်တာအကောင့်၌ ရေးသားထားသည်။  (Xinhua)