Connect with us

WORLD

တရုတ်နိုင်ငံမှ ဆေးပစ္စည်းများ လှူဒါန်းမှုကို ဒိန်းမတ်နိုင်ငံ ကြိုဆို

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဈေးဝယ်သူများက မှတ်သားထားသော အကွာအဝေး၌သာ ငွေရှင်းရန်စောင့်ဆိုင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုပင်ဟေဂင်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

 တရုတ်နိုင်ငံမှ COVID-19 တိုက်ဖျက်ရေး မရှိမဖြစ် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းမှုသည် ဒိန်းမတ်နိုင်ငံသား အင်တာနက်သုံးစွဲသူများအကြား ရေပန်းစားလာခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း အခုရေ ၅၀၀,၀၀၀ ၊ ရောဂါစမ်းသပ်ကိရိယာ ၅၀,၀၀၀ နှင့် ရောဂါကာကွယ်ရေးဝတ်စုံ ၅,၀၀၀ တင်ဆောင်လာသော ကုန်တင်လေယာဉ်တစ်စင်းသည် မတ် ၂၄ ရက်တွင် ကိုပင်ဟေဂင်လေဆိပ်သို့ ဆိုက်ရောက်ရန် လျာထားကြောင်း ဒေသတွင်း မီဒီယာက မတ် ၂၃ ရက်၌ သတင်းဖော်ပြခဲ့သည်။“ဒီလှူဒါန်းမှုက ဒိန်းမတ်နိုင်ငံရဲ့ အလိုအပ်ဆုံးနေရာတွေဆီကို ဖြစ်နိုင်သမျှမြန်မြန် ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒိန်းမတ်နိုင်ငံ ကုန်သည်ကြီးများအသင်း နိုင်ငံတကာကုန်သွယ်ရေးဌာန မန်နေဂျာ မိုက်ကယ် ဘရီမာစကော့ဗ် ဂျန်ဆန် (Micheal Bremerskov Jensen) က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အထူးသဖြင့် ကျန်းမာရေးအကာအကွယ်သုံး နှာခေါင်းစည်းများမှာ ဒိန်းမတ်နိုင်ငံရှိ ဆေးရုံများတွင် အလွယ်တကူမရနိုင်သော အရင်းအမြစ်တစ်ခုဖြစ်လာခဲ့ပြီး မကြာမီ ပြတ်လပ်မှုဖြစ်နိုင်သည်ဟု ဒေသခံ ကျန်းမာရေးအာဏာပိုင်များက သတိပေးထားကြောင်း သိရသည်။အဆိုပါ လှူဒါန်းမှုသည် အလီဘာဘာ ဖောင်ဒေးရှင်းနှင့် ဂျက်မာဖောင်ဒေးရှင်းမှ COVID-19 ဒဏ်ခံစားရသော ကမ္ဘာ့နိုင်ငံများထံ ထောက်ပံ့သော ကူညီမှုများစွာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.