Connect with us

WORLD

လာအိုနိုင်ငံတွင် ဆရာဝန်ထောက်ခံချက်ဖြင့် COVID-19 စစ်ဆေးပါက အခမဲ့ခွင့်ပြုမည်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်းဝတ်ဆင်၍ သွားလာနေကြသူများအား မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံရှိ နိုင်ငံခြားသားများ အပါအဝင် အများပြည်သူများအနေဖြင့် COVID-19 ရှိနိုင်ကြာင်း သံသယရှိခံရပါက အခမဲ့ဆေးစစ်နိုင်မည်ဖြစ်ကြောင်း လာအို ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သတင်းအချက်အလက်အား ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရတ်တန်မာစေး ဖတ်ဆိုဗန် (Rattanaxay Phetsouvanh) က မတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ထပ်ဆင့်ပြောကြားခဲ့ခြင်းဖြစ်သည်။အကယ်၍ ဆရာဝန်က လူနာတစ်ဦးအား COVID-19 နှင့်ဆက်စပ်သောရောဂါလက္ခဏာများရှိကြောင်း သို့မဟုတ် ရောဂါဖြစ်ပွားသောဒေသများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိကြောင်း သတ်မှတ်ပါက ၎င်းတို့ကို အခမဲ့ ဆေးစစ်ခွင့်ရရှိရန် လွှဲပြောင်းနိုင်ကြောင်း သိရသည်။

ဆရာဝန်ထံမှ တရားဝင်လွှဲစာမပါရှိဘဲ တစ်ဦးချင်း စစ်ဆေးလိုပါက အခကြေးငွေပေးဆောင်ရမည်ဖြစ်ကြောင်း Vientiane Times နေ့စဉ်သတင်းစာက မတ် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။လာအို ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအား စောင့်ကြည့်ရန်နှင့် ကာကွယ်ရန် COVID-19 ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့များ ဖွဲ့စည်းထားကြောင်း သိရသည်။  (Xinhua)